ကိုဗစ်-၁၉ ရောဂါနှင့်ရင်ဆိုင်ရန် မြန်မာအစိုးရမှ အောက်ဆီဂျင်ထောက်ပံ့ရေး တိုးမြှင့်မည်

CRI, July 13, 2021
Size:

ဒေသစံတော်ချိန် ဇူလိုင်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင်မလုံလောက်သည့်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် မြန်မာအစိုးရအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် အောက်ဆီဂျင် ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးကို တိုးမြှင့်မည်ဖြစ်ကြောင်း နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အရွယ်နှင့် ၁၈ နှစ် မပြည့်သော ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို တိုးချဲ့ထိုးနှံ ပေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံနှင့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး မြန်မာလုပ်ငန်းကုမ္ပဏီများသည် ရုရှား SPUTNIK V ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်စဉ် ၅ သန်း ထုတ်လုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။