မြန်မာပြည်ရှိ မြို့နယ် ၁၈ ခု၌ Stay at Homeအမိန့်သစ်ထုတ်ပြန်ဆောင်ရွက်

CRI, July 12, 2021
Size:

 ဒေသစံတော်ချိန် ဇူလိုင်လ ၁၁ ရက်နေ့ ညက မြန်မာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ကြေညာချက်အရ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးကြောင့် မြို့နယ် ၁၈ ခု၌ Stay at Home အမိန့်ကို ထပ်တိုး ထုတ်ပြန်ဆောင်ရွက်မည် ဖြစ်ပြီး ဇူလိုင် ၁၂ ရက်နေ့ မနက် ၄ နာရီမှ စတင်မည်ဖြစ်ကြောင်း၊ Stay at Home အမိန့် ထပ်တိုး ထုတ်ပြန်သည့် မြို့နယ် ၁၈ ခုမှာ ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ် ၁၂ ခုနှင့် ပဲခူးတိုင်းမှ မြို့နယ် ၆ ခု ပါဝင်ကြောင်း၊ ယခုအထိ မြန်မာနိုင်ငံ၌ Stay at Home အမိန့်ကို ဆောင်ရွက်နေသည့် ဒေသ စုစုပေါင်း ၅၇ ခုရှိပြီဖြစ်ကြောင်း၊ ၁၁ ရက်နေ့  ဓာတ်ခွဲနမူနာပေါင်း ၁၀၁၁၇ ခုကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာဦးရေ ၃၄၆၁ ဦးအသစ်တွေ့ရှိပြီး အတည်ပြုနှုန်းသည် ၃၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယင်းနေ့တွင် သေဆုံးသူ ၈၂ ဦး အသစ်တိုးလာပြီး ယင်းပမာဏသည် မြန်မာပြည်တွင် ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိချိန်ကတည်းက တစ်နေ့အတွင်း သေဆုံးသူ အများဆုံး ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။