တရုတ်ကွန်မြူနစ်ပါတီတည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်သို့ မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်းမှ ဂုဏ်ပြုစာလွှာပေးပို့

CRI, July 1, 2021
Size:

တရုတ်ကွန်မြူနစ်ပါတီ ဖွဲ့စည်းတည်ထောင်သည့် နှစ် ၁၀၀ ပြည့် ကျရောက်သောအခါသမယတွင် မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလှိုင်ဝင်းမှ ဂုဏ်ပြုစာလွှာ ပေးပို့ခဲ့ပါသည်။ မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့်ပြည်သူများသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာသည်နှင့်အညီ မြန်မာနိုင်ငံနှင့်မြန်မာပြည်သူများအတွက် အဘက်ဘက်က အကူအညီများ ပေးခဲ့သဖြင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေခဲ့ကြောင်း၊ မြန်မာနှင့် တရုတ် နှစ်နိုင်ငံသည် နယ်စပ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများဖြစ်သည်သာမက နှစ်နိုင်ငံ ယဉ်ကျေးမှု ဆိုင်ရာများအပါအဝင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်ဆက်ဆံလာခဲ့သည်မှာ နှစ်ပေါင်း ၁၀၀၀ ကျော်မျှ ရှိခဲ့ပြီဖြစ်ကြောင်း၊ ထိုကာလများအတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ အချင်းချင်း ရင်းနှီး ချစ်ကြည်စွာဖြင့် ဆွေမျိုးပေါက်ဖော်ပမာ ကူးလူးဆက်ဆံလာခဲ့သည်မှာ ယနေ့ ကာလတိုင် ဖြစ်ပါကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီကြီး နှစ်ပေါင်းများစွာ ခိုင်မြဲတည်တံ့စွာဖြင့် တရုတ်နိုင်ငံနှင့် ပြည်သူများအကျိုးကို ဆက်လက်သယ်ပိုးနိုင်ပါစေကြောင်းနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှု ဆက်လက်တည်တံ့ခိုင်မြဲပါစေကြောင်း ဂုဏ်ပြုစာလွှာ ပေးပို့ခဲ့ပါသည်။