China Media Group မှထုတ်လုပ်သောဆင်းရဲမှုပပျောက်ရေးဆိုင်ရာမှတ်တမ်းတင်ရုပ်သံကား “ဆင်းရဲနွမ်းပါးသောလူမှုဘဝမှလွတ်မြောက်ရေး”ကိုထိုင်းနိုင်ငံရုပ်မြင်သံကြားဌာန၌ထုတ်လွှင့်ပြသမည်

CRI, July 1, 2021
Size:

တရုတ်ကွန်မြူနစ်ပါတီတည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အခါသမယတွင် China Media Group မှ ရိုက်ကူးထုတ်လုပ်သော ဆင်းရဲမှုပပျောက်ရေးဆိုင်ရာမှတ်တမ်းတင်ရုပ်သံကား “ဆင်းရဲနွမ်းပါးသောလူမှုဘဝမှလွတ်မြောက်ရေး” ကို ထိုင်းနိုင်ငံရုပ်မြင်သံကြားဌာန Royal Thai Army Radio and Television Station ၌ ထုတ်လွှင့်ပြသမည် ဖြစ်သည်။ ထိုင်းနိုင်ငံ Royal Thai Army အသံလွှင့်နှင့်ရုပ်မြင်သံကြားဌာန ဥက္ကဋ္ဌ Lt.Gen.RangseeKitiyanasap က ဆင်းရဲနွမ်းပါးသော လူမှုဘဝမှ လွတ်မြောက်ရေး ရုပ်သံကားတွင် တရုတ်ပါတီနှင့်အစိုးရသည် တိကျမှန်ကန်သော ဆင်းရဲသူ ကူညီထောက်ပံ့ရေးမူဝါဒကို ကျင့်သုံးခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ဆင်းရဲသူ ကူညီထောက်ပံ့ရေး မူဝါဒသည် ကုလသမဂ္ဂနှင့် နိုင်ငံများစွာ၏ ချီးကျူးမှုကိုခံရပြီး တရုတ် ပြည်သူများသည် အလွန်အမင်းဆင်းရဲမှုမှ လုံးဝရုန်းထွက်လာကာ နိုင်ငံအသီးသီးအတွက် အတုယူထိုက်သော စံနမူနာကောင်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားပါသည်။