မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါသည် ၁၃၁၂ ဦးအသစ်တိုးလာ

CRI, June 30, 2021
Size:

မြန်မာကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒေသစံတော်ချိန် ဇွန်လ ၂၉ ရက်နေ့ ညက ထုတ်ပြန်သော သတင်းအရ ထိုနေ့က စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့သော လူ ၈၂၃၂ ဦးထဲတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၁၂ ဦး ရှိကြောင်း၊ ယင်းသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားသည့်နောက် တစ်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါသည် ဒုတိယအကြိမ် ၁ ထောင်ကျော် အသစ်တိုးများလာခြင်း ဖြစ်ကြောင်း၊ ထိုနေ့တွင် ကိုဗစ်-၁၉                    ရောဂါကြောင့် သေဆုံးသူ ၁၁ ဦး အသစ်တိုးလာကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံဒေသအရပ်ရပ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါသည် ဦးရေသည် အရှိန်အဟုန်တိုးများ၍ ဆေးရုံများသည် ကြီးမားသောဖိအားကို ရင်ဆိုင်နေကြောင်း သတင်းရရှိပါသည်။