တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ၁၀၆ ကြိမ်မြောက် မဲခေါင်မြစ်ပူးတွဲကင်းလှည့်ကြပ်မတ်ရေးကို စတင်ပြုလုပ်

CRI, June 24, 2021
Size:

၆.၂၆ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ နီးကပ်လာသည်နှင့်အမျှ ဇွန်လ ၂၂ ရက်နေ့တွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် ၁၀၆ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ကြပ်မတ်ရေးကို စတင်ပြုလုပ်ခဲ့သည်။

ကင်းလှည့်ကြပ်မတ်ရေးကို မစတင်ခင် ၄ နိုင်ငံတို့သည် မဲခေါင်မြစ် ပူးတွဲ ကင်းလှည့်ကြပ်မတ်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ  ဗီဒီယိုဆွေးနွေးပွဲနှင့် တပ်မှူးများ ပူးတွဲအစည်းအဝေးကို ကျင်းပခဲ့သည်။ ယင်းအစည်း အဝေးတွင် ၄ နိုင်ငံတို့သည် မဲခေါင်မြစ်ဝှမ်းရှိ ပြည်သူ့လုံခြုံရေးအခြေအနေနှင့် မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်မှု အခြေအနေကို အတူတကွ သုံးသပ်ပြီး မူးယစ်ဆေးဝါး ရာဇဝတ်မှု အခြေအနေနှင့် မဲခေါင်မြစ် မူးယစ်ဆေးဝါး ပူးတွဲတိုက်ဖျက်ရေး အထူးရက်ပေါင်း ၁၀ဝ လုပ်ဆောင်မှု၏ အောင်ကျိုးရလဒ်များကို ပြန်လည်ပေါင်းရုံးသုံးသပ်ခဲ့ကြသည်။