BRI တွင် ပါဝင်သောနိုင်ငံများ၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဇန်နဝါရီလမှ မေလအတွင်း တိုးမြင့်လာ

Yunnan Gateway, June 18, 2021
Size:

ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) တွင် ပါဝင်သောနိုင်ငံများ၌ တရုတ်နိုင်ငံ၏ ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (ODI) မှာ ပထမ ငါးလအတွင်း မြင့်တက်လာခဲ့ကြောင်း တရားဝင်အချက်အလက်အရ သိရသည်။

အဆိုပါ ကာလအတွင်း BRI နိုင်ငံများအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုမှာ မနှစ်ကထက် ၁၃.၈ ရာခိုင်နှုန်း တိုးချဲ့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၇.၄၃ ဘီလီယံရှိခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၇.၂ ရာခိုင်နှုန်း ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဇန်နဝါရီလမှ မေလအထိ တရုတ်နိုင်ငံ၏ စုစုပေါင်း ODI မှာ ၂၀၂၀ ပြည့်နှစ် အလားတူကာလမှ အမေရိကန်ဒေါ်လာ ၄၃.၂၉ ဘီလီယံအထိ ၂.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အထူးသဖြင့် ထုတ်လုပ်ရေးနှင့် သတင်းအချက်အလက် ထုတ်လွှင့်မှုကဏ္ဍများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုသည် ဆက်လက်တိုးတက်ခဲ့ကြောင်း၊ ထုတ်လုပ်ရေးကဏ္ဍ၌ ပထမ ငါးလအတွင်း ဒေါ်လာ ၇.၂ ဘီလီယံရှိခဲ့ရာ မနှစ်ကထက် ၁၁.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ပြည်တွင်း စီးပွားရေးလုပ်ငန်းများမှ ODI မှာ ဒေါ်လာ ၃၂.၇၅ ဘီလီယံအထိ ရောက်ရှိလာခဲ့ကြောင်းနှင့် ယင်းကာလရှိ စုစုပေါင်း ODI ၏ ၇၅.၇ ရာခိုင်နှုန်းရှိကြောင်း ဝန်ကြီးဌာနအရ သိရသည်။ (Xinhua)