“၂၀၂၁ ခုနှစ် လန်ချန်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်ရေး အပြည်ပြည်ဆိုင်ရာပိုစတာဒီဇိုင်းပြိုင်ပွဲ” တရားဝင် စတင်ဖွင့်လှစ်၊ နာမည်စာရင်းလာရောက်ပေးသွင်းနိုင်ပြီဖြစ်

Yunnan Gateway, June 18, 2021
Size:

ဇွန်လ (၈) ရက်နေ့ လန်ချန်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်ရေး ဆဌမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ လှုပ်ရှားမှုတစ်ရပ်ဖြစ်သော “၂၀၂၁ ခုနှစ် လန်ချန်-မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်ရေး အပြည်ပြည်ဆိုင်ရာ ပိုစတာဒီဇိုင်းပြိုင်ပွဲ”ကို စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ချုံချင့်မြို့တွင် ကျင်းပခဲ့သည်။ တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်စသည့်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် နိုင်ငံခြားရေးအရာရှိများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

“ဇီဝမျိုးကွဲများဆိုင်ရာသဘောတူညီချက်”၏ (၁၅) ကြိမ်မြောက်ညီလာခံ (COP15) ကို ၂၀၂၁ ခုနှစ်တွင် ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပမည်ဖြစ်သည်။ လန်ချန်-မဲခေါင်မြစ်ဝှမ်းနိုင်ငံများသည် ဇီဝမျိုးကွဲမျိုးစုံ ထိန်းသိမ်းစောင့်ရှောက်ရေးအပိုင်းတွင် တွင်ကျယ်စွာပူးပေါင်းဆောင်ရွက်မှုများ ရှိပြီးဖြစ်သည်။ ယခု အကြိမ်ပြိုင်ပွဲမှာ “အစိမ်းရောင် လန်ချန်-မဲခေါင်မြစ်”ဟူသော ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်ရေးခေါင်းစဉ်ဖြင့် စတင်မည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရန် ကာကွယ်ခြင်း (protect)၊ အလေးထားခြင်း (Revere)၊ မြတ်နိုးခြင်း (Cherish) စသည့်လက်တွေ့လုပ်ဆောင်မှုများမှတစ်ဆင့် လှပခြင်း (Beauty)၊ ကြွယ်ဝခြင်း (Proseperity)၊ သဟဇာတဖြစ်ခြင်း (Harmony) တို့ကို အကောင်အထည်ဖော်မည်ဖြစ်သည်။

ပြိုင်ပွဲမှာ ကျွမ်းကျင်သူများအသင်းနှင့် လူငယ်များအသင်း (၁၈နှစ်အောက်) ဟူ၍ နှစ်မျိုးရှိသည်။ နိုင်ငံတကာမှ ဒီဇိုင်းနာများ၊ ပရော်ဖက်ရှင်နယ်ဒီဇိုင်းအဖွဲ့အစည်း၊ ပရောဖက်ရှင်နယ်အနုပညာဒီဇိုင်းကောလိပ်မှ ဆရာနှင့် ကျောင်းသားများ၊ ဒီဇိုင်းအနုပညာချစ်သူများအားလုံး သတ်မှတ်ချိန်အတွင်း နာမည်စာရင်းပေးသွင်းနိုင်သည်။

ယခုအကြိမ်ပြိုင်ပွဲမှာ Graphic Poster နှင့် Dynamic Poster ဟူ၍နှစ်မျိုးရှိသည်။ ပြိုင်ပွဲပါဝင်လိုသူများ နာမည်စာရင်းပေးသွင်းရန် Imcda.org.cn ပြိုင်ပွဲဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကာ နာမည်စာရင်းပေးသွင်းနိုင်သည်။ ပြိင်ပွဲဝင်ပိုစတာများအား ကော်မတီအီးမေးလ်သို့ ပို့ပေးခြင်းဖြင့်လည်း ပြိုင်ပွဲပါဝင်နိုင်သည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီး ပြိုင်ပွဲနှင့် သက်ဆိုင်သောအချက်အလက်များ သိရှိလိုပါက ပြိုင်ပွဲဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။