မြန်မာနိုင်ငံ ဧရာဝတီတိုင်းတွင် လေမုန်တိုင်းကြောင့် အိမ်ခြေ ၁၀၀ နီးပါး ပျက်စီး

CRI, June 18, 2021
Size:

ဇွန်လ ၁၆ ရက်နေ့ ညမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် လေမုန်တိုင်းကြောင့် အိမ်ခြေ ၉၀ ခန့်နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပြိုကျပျက်စီးသွားပြီး ရာနှင့်ချီသော ဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လေမုန်တိုင်းဒဏ်ခံရသော ဒေသခံများအား ပြန်လည်နေရာချထားရေးပြဿနာကို ဖြေရှင်းရန်အတွက် ကြိုးပမ်းနေသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။