မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆက်တိုက်ဆိုးရွားလာသည်ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးဆို

CRI, June 18, 2021
Size:

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးသည် ဇွန်လ ၁၇ ရက်နေ့က ကြေညာချက် တစ်ရပ်ထုတ်ပြန်ရာတွင် ယခုတလော မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားသောကြောင့် ယင်းနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ဆက်တိုက် ဆိုးရွားလာခြင်းအပေါ် ကုလသမဂ္ဂသည် အလွန်စိုးရိမ်ထိတ်လန့်မိကြောင်း ဖော်ပြပါသည်။

ယင်းကြေညာချက်တွင် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် မြဝတီဒေသတွင် သေဆုံးသူ ၂၅ ဦး၏ရုပ်အလောင်းများကို တွေ့ရှိရကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNDO သည် မေလ ၃၁ ရက်နေ့တွင် ၎င်းသေဆုံးသူများကို ဖမ်းဆီးသတ်ပြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ သတ်ဖြတ်မှုများ ပြုလုပ်သူများကို အရေးယူရန် ပန်ကြားသည့်အပြင် ဘက်အသီးသီးတို့အား စိတ်အေးအေးထား ထိန်းချုပ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို ရပ်ဆိုင်းကာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဝါဒ၏ တရားမျှတမှုကို လိုက်နာ၍ အရပ်သားများကို ထိခိုက်နစ်နာမှုများ အတတ်နိုင်ဆုံးလျှော့ချရန်လည်း ပန်ကြားကြောင်း ဖော်ပြပါသည်။