တရုတ်နိုင်ငံက လာအိုကို ထောက်ပံ့ပေးသည့် စတုတ္ထအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ လာအိုသို့ ရောက်ရှိ

CRI, June 15, 2021
Size:

ဒေသစံတော်ချိန် ဇွန်လ ၁၄ ရက်နေ့တွင် တရုတ်အစိုးရမှ လာအိုနိုင်ငံသို့ ထောက်ပံ့ပေးသည့် စတုတ္ထအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ လာအိုမြို့တော် ဗီယင်ကျန်းရှိ ဗာထိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီဖြစ်ပါသည်။

ယခုနှစ် ဖေဖော်ဝါရီလမှ စ၍ တရုတ်နိုင်ငံသည် လာအိုအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သုတ်၊ ဆေးအလုံးရေ စုစုပေါင်း ၂ သန်းကို ကူညီထောက်ပံ့ပေးပြီး ဖြစ်ပါသည်။ လာအိုကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိက လာအိုသည် နောက်တစ်နေ့တွင် ဗီယင်ကျန်းမြို့သူမြို့သားများအတွက် ယခုအကြိမ်ရောက်ရှိလာသော ကာကွယ်ဆေးများကို ထိုးနှံပေးမည်ဖြစ်ပြီး ယခုတစ်ပတ်အတွင်း တရုတ်ကာကွယ်ဆေးများကို အခြားပြည်နယ်များသို့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပြောပါသည်။

လာအိုနိုင်ငံတော် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကော်မတီက လာအိုနိုင်ငံသည် ဆေးဝန်ထမ်းများနှင့် အကောက်ခွန်ဝန်ထမ်းများစသည့် ကူးစက်ခံနိုင်မှုအန္တရာယ် မြင့်မားသော လူများအတွက် တရုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးပြီ ဖြစ်ကြောင်း ပြောပါသည်။