မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ပြင်းထန်လာပြီး ကလေးအလုပ်သမား ဦးရေ တိုးလာ သည်ဟု ကမ္ဘာ့အလုပ်သမားများအဖွဲ့ဆို

CRI, June 14, 2021
Size:

ကမ္ဘာ့အလုပ်သမားများအဖွဲ့မှ ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်သောအစီရင်ခံစာတွင် ကိုဗစ်-၁၉ နှင့် နိုင်ငံရေး မတည်မငြိမ်မှုကြောင့် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု ပြင်းထန်လာပြီး ကလေးအလုပ်သမားဦးရေ တိုးလာနေသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ ကမ္ဘာ့အလုပ်သမားများအဖွဲ့ ဒါရိုက်တာချုပ် လီတုန်လင်က လက်ရှိအချိန်တွင် ဘက်အသီးသီးတို့သည် ကလေးများ၏လုံခြုံမှုကို ဦးစားပေး ကာကွယ်ရမည် ဖြစ်ပြီး ၎င်းတို့၏ ပညာသင်ယူရေးအခွင့်အရေးကို အာမခံပေးရမည် ဖြစ်ကြောင်း ဖော်ပြပါသည်။

ကမ္ဘာ့အလုပ်သမားများအဖွဲ့မှ ၂၀၁၆ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ၁၁ သိန်း ရှိပြီး အသက် ၁၇ နှစ်အောက် ကလေး စုစုပေါင်းဦးရေ၏ ၉ ရာခိုင်နှုန်း ဖြစ်သည်။