မြန်မာတွင် ကိုဗစ်-၁၉ ဆိုးရွားလာသောကြောင့် သီးခြား ကွာရန်တင်းစင်တာ ၃၇ ခု ထားရှိရန် စီစဉ်

CRI, June 13, 2021
Size:

မြန်မာပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးက လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဆိုးရွားလာသောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တစ်ပြည်လုံးတွင် သီးခြားကွာရန်တင်းစင်တာ ၃၇ ခု ထားရှိရန် စီစဉ်ထားကြောင်း၊ ၎င်းအနက် ၂၂ ခုကို ရန်ကုန်မြို့တွင် ထားရှိမည်ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့က မီဒီယာနှင့်တွေ့ဆုံရာတွင် ပြောခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်င်သည် အဓိကမြို့များရှိ ကျောင်း၊ ပြတိုက်၊ အားကစားကွင်းများတွင် ယာယီသီးခြားကွာရန်တင်းစင်တာ တစ်ထောင်ကျော်ကို ထားရှိခဲ့သော်လည်း ကိုဗစ်-၁၉ အတည်ပြုရောဂါသည်ဦးရေ လျော့နည်းလာသည်နှင့်အမျှ တဖြည်းဖြည်း ဖျက်သိမ်းခဲ့ပါသည်။