ပြင်ဦးလွင်၌ မြန်မာတပ်မတော် လေယာဉ်တစ်စင်း ပျက်ကျ၊ သေဆုံးသူဦးရေ ၁၃ဦးရှိ

CRI, June 10, 2021
Size:

ဒေသစံတော်ချိန် ဇွန်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်က မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်အနီးတစ်ဝိုက်၌  တပ်မတော် လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လက်ရှိအချိန်အထိ လူ ၁၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာမန္တလေးမီးသတ်ဌာနမှ သတင်းအရ သိရသည်။

ယင်းလေယာဉ်ပေါ်တွင် သံဃာတော် ၂ ပါး နှင့် စစ်သည် ၆ ဦး ပါဝင်ကြောင်း မြန်မာမီဒီယာမှ သတင်းအရ သိရပါသည်။