တရုတ်-လာအိုရထားလမ်း ဂျင်ဂျိုင့် ဥမင်လိုဏ်ခေါင်း လုံခြုံစွာ ဖောက်လုပ်ပြီးစီး

CRI, June 7, 2021
Size:

၄ နှစ်ကျော်ကြာ နေ့ရောညပါ မပြတ်မလပ် အားထုတ်ကြိုးပမ်းခြင်းကြောင့် တရုတ်-လာအို အန္တရာယ်များသည့် ဂျင်ဂျိုင့် ဥမင်လိုဏ်ခေါင်းသည် ယခုရက်များက ဖောက်လုပ်ပြီးစီးနိုင်ခဲ့ပြီဖြစ်သည်ဟု China Media Group မှ သတင်းအရသိရသည်။

တရုတ်-လာအိုရထားလမ်းသည် ကီလိုမီတာ ၁၀၀၀ ကျော်ရှည်လျားပြီး ယူနန်ပြည်နယ် ကူမင်းမြို့မှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်အထိဖြစ်သည်။ တရုတ်-လာအိုရထားလမ်းကြောင်း တစ်လျှောက်လုံးတွင် ဥမင်လိုဏ်ခေါင်း ၁၆၇ ခုရှိပြီး ကီလိုမီတာ ၅၉၀ ကျော် ရှည်လျားသည်။ ယူနန်ပြည်နယ် ဂျင်ဟုန်မြို့တွင် တည်ရှိသော ဂျင်ဂျိုင့် ဥမင်လိုဏ်ခေါင်းသည် ၉.၅ ကီလိုမီတာ ရှည်လျားပြီး တရုတ်-လာအိုရထားလမ်းတွင် နောက်ဆုံး အပြီးဖောက်လုပ်နိုင်ခဲ့သော အန္တရာယ်များသည့် ဥမင်လိုဏ်ခေါင်း ဖြစ်သည်ဟု သတင်းအရ သိရသည်။