မြန်မာတပ်မတော်ခေါင်းဆောင်သည် အာဆီယံအရာရှိများနှင့် တွေ့ဆုံ

CRI, June 6, 2021
Size:

ဒေသစံတော်ချိန် ဇွန်လ ၄ ရက်နေ့က နေပြည်တော်၌ မြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံ အလှည့်ကျသဘာပတိနိုင်ငံ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး Erywan၊ အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် Lim Jock Hoi တို့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အခြေအနေ တည်ငြိမ်ပြီးနောက် အထွေထွေရွေးကောက်ပွဲကို နောက်ထပ်ကျင်းပမည်ဟု ထပ်မံ ကတိခံဝန်ခဲ့သည့်အပြင် လက်ရှိအချိန်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုပြဿနာကို စုံစမ်းစစ်ဆေးနေသည်ဟု ဖော်ပြကြောင်း မြန်မာအစိုးရမီဒီယာမှ ထုတ်ပြန်ချက်အရ သိရပါသည်။

နှစ်ဖက်တို့သည် မြန်မာနိုင်ငံအခြေအနေ၊ မြန်မာအမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို တရားမဝင်အုပ်စုနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းစသောပြဿနာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ လူလူချင်း စာနာထောက်ထားမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ၊ အာဆီယံ တပြေးညီဖြစ်စေရေး စသောပြဿနာများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။