ဇွန်လ ၅ ရက်နေ့တွင် မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်၌ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံပြည်တွင်းအခြေအနေကို မိတ်ဆက်ရှင်းပြ၍ မြန်မာဘက်သည် နိုင်ငံတော်တည်ငြိမ်ငြိမ်းချမ်းရေးနှင့် စီးပွားရေးနှင့် ပြည်သူတို့၏ စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ကာကွယ်စောင့်ရှောက်နေပါကြောင်း၊ မြန်မာဘက်သည် ပြည်တွင်းအခြေအနေတည်ငြိမ်စေပြီး သက်ဆိုင်ရာသဘောတူညီချက်များကို ညှိနှိုင်းပြီး လက်တွေ့ဆောင်ရွက်ရန် အာဆီယံနှင့် အတူကြိုးပမ်းအားထုတ်သည့်ဆန္ဒရှိပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးကြီးသော အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာဘက်က တရုတ်ဘက်နှင့် ထိတွေ့ဆက်ဆံမှုကို ဆက်လက်ထားရှိရန် ဆန္ဒရှိပါကြောင်းကို ဆွေးနွေးခဲ့ပါသည်။
သံအမတ်ကြီး Mr. Chen Hai က တရုတ်ဘက်သည် တရုတ်-မြန်မာချစ်ကြည်ရေးကို မြတ်နိုးအလေးထားပြီး မြန်မာနိုင်ငံအခြေအနေ မြန်နိုင်သလောက် တည်ငြိမ်ငြိမ်းချမ်းစေရန် စိတ်ရင်းစေတနာဖြင့် မျှော်လင့်နေပါကြောင်း၊ မြန်မာနှင့် အာဆီယံတို့ သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တရုတ်ဘက်ထောက်ခံအားပေးကြောင်း၊ တရုတ်ဘက်သည် ၎င်းအတွက်အပြုသဘောရှိသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်းကို ဆွေးနွေးခဲ့ပါသည်။
နှစ်ဦးနှစ်ဘက်သည် တရုတ်-မြန်မာဆက်ဆံရေးနှင့် COVID-19 ပူးပေါင်းကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စသည်တို့ကို အမြင်ချင်း ဆွေးနွေးဖလှယ်ခဲ့ပါသည်။