၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ပီကင်းမြို့တွင် ကျင်းပ

Yunnan Gateway, June 3, 2021
Size:

ယခုနှစ်သည် တရုတ်-အာဆီယံ ဆွေးနွေရေးဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၃၀ ပြည့် ဖြစ်ပါသည်။ “နှစ် ၃၀ - တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး အခန်းကဏ္ဍသစ်” ဆောင်ပုဒ်အဖြစ်ထားသည့် တရုတ်-အာဆီယံ မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ဇွန်လ ၂ ရက်နေ့တွင် ပီကင်းမြို့၌ ကျင်းပခဲ့ပါသည်။ ယခုအကြိမ် ဖိုရမ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်တို့က မီဒီယာသစ်အပါအဝင် နည်းပညာဖြင့် အာဆီယံနှင့် တရုတ်အကြား နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုသစ်ကို ဆက်လက် တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။