ထိုင်းကြက်သားအချောကိုင် စက်ရုံတွင် လူစုလူဝေးအတွင်း ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွား

CRI, May 31, 2021
Size:

ထိုင်းနိုင်ငံ ဇာရာဗာရီပြည်နယ်တွင် ကြက်သားအချောကိုင် စက်ရုံ တစ်ရုံ၌ ယခု ရက်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဖြစ်ပေါ်ခဲ့သည်။ မေလ ၃၀ ရက်နေ့အထိ ဗိုင်းရပ်စ် တိုင်းတာစစ်ဆေးမှုခံခဲ့ရသော ဝန်ထမ်း ၃၄၀၀ ထဲတွင် လူ ၃၉၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရကြောင်း၊ ၎င်းတို့အနက် ထိုင်းနိုင်ငံသား ၁၅၁ ဦး၊ မြန်မာနိုင်ငံသား ၂၄၀ ဦး ရှိပြီး ဝန်ထမ်း ၂၀၀၀ ကျော်တို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုရှိမရှိသိစေရန် စမ်းသပ်စစ်ဆေးခံလိုကြောင်း China Media Group မှ သတင်းအရ သိရပါသည်။