မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးအမိန့်ကို ဇွန်လ ၃၀ ရက်နေ့အထိ ထပ်တိုး

CRI, May 31, 2021
Size:

မြန်မာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီသည် မေလ ၂၉ ရက်နေ့တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာတွင် ယခုကျင့်သုံးနေသော ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးအမိန့်ကို ဇွန်လ ၃၀ ရက်နေ့ အထိ ထပ်တိုးလိုက်ကြောင်း ဖော်ပြခဲ့သည်။

ယခုကျင့်သုံးနေသော ကိုဗစ်-၁၉ထိန်းချုပ်ကာကွယ်ရေးအမိန့်တွင် အချို့တိုင်းနှင့်ပြည်နယ်၌ ကျင့်သုံးသော အိမ်တွင်းနေရခြင်းနှင့် ညမထွက်ရခြင်း၊ အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်ရခြင်း၊ သတ်မှတ်သည့် အကွာအဝေးထားရခြင်း၊ လူ ၃၀ ကျော်သည့် စုရုံးမှု တားဆီးခြင်းစသည်တို့ ပါဝင်ပါသည်။ သို့ရာတွင် လက်ရှိအခြေအနေတွင် ပြည်သူလူထုများသည် ကာကွယ်ရေးအသိ နည်းပြီး နှာခေါင်းစည်းမတပ်သည့်သူများကို ရန်ကုန်မြို့ရှိ နေရာအနှံ့တွင် တွေ့နိုင်ပါသည်။