မျိုးစပ်ဆန်စပါးသည် မြန်မာနိုင်ငံ၏ဆန်စပါး အထွက်နှုန်း ၂ ဆ တိုးမြင့်စေပြီး တရုတ်နိုင်ငံ၏ ကောင်းမွန်သောသင်္ကေတ ဖြစ်လာ

lmcchina.org, May 28, 2021
Size:

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ တစ်ပြည်လုံးရှိလယ်ယာမြေ၏ ၃၅ ရာခိုင်နှုန်း ဖြစ်သည့် ဧက ၇၆ သိန်းနီးပါးသည် ဆန်စပါးစိုက်ခင်း ဖြစ်သည်။ ၎င်းထဲတွင် မျိုးစပ်ဆန်စပါးကို စိုက်ပျိုးသည့်ဧရိယာသည် ၁ ရာခိုင်နှုန်းတောင် မရှိသဖြင့် စတင်စိုက်ပျိုးလာသည့် အဆင့်တွင်ပင် ရှိသေးသည်။ သို့သော် မြန်မာပြည်ကို ဝင်ရောက်လာခြင်း သိပ်မကြာသေးသော မျိုးစပ်ဆန်စပါးမျိုးစေ့သည် ဆန်စပါးအထွက်နှုန်း ၂ ဆ တိုးမြင့်စေပြီး မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်ရေးလုပ်ငန်းအတွက် အလားအလာကောင်း ဖန်တီးပေးလျက်ရှိသည်။ တရုတ်နိုင်ငံ ကျန်းစူပြည်နည် Tomorrow MINGTIAN SEED မျိုးစေ့ကုမ္ပဏီလုပ်ငန်းမှ ပြည်ပလုပ်ငန်းဌာနက တာဝန်ရှိသူ Jiang Yintao က သူတို့ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် မျိုးစပ်ဆန်စပါးမျိုးစေ့ကို စတင်ဖြန့်ဖြူး၍ ယခု စိုက်ပျိုးသောဧရိယာသည် ၃၂၉၄၇ ဧကလောက်ရှိနေပြီ ဖြစ်ကြောင်း၊ အခြေခံအားဖြင့် အထွက်နှုန်း ၂ ဆ တိုးမြင့်နိုင်၍ အထွက်နှုန်း တိုးမြင့်လာသဖြင့် စိုက်ပျိုးရေးကုန်ကျစရိတ်ကိုလည်း လျှော့ချလာနိုင်ပြီး ကမ္ဘာဈေးကွက်တွင် ယှဉ်ပြိုင်အား ပိုမိုရှိလာနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏မျိုးစပ်ဆန်စပါးသည် နိုင်ငံတကာအဆင့် သင်္ကေတ ဖြစ်ပြီး ယခု သူတို့၏မျိုးစေ့သည် မြန်မာပြည်တွင် ဝယ်လိုအား အလွန်ကောင်းသဖြင့် ထုတ်နိုင်သမျှ ချက်ချင်း ရောင်းထွက်သွားနိုင်ကြောင်း ဖော်ပြခဲ့သည်။

မျိုးစပ်ဆန်စပါးနယ်ပယ်တွင် နှစ်နိုင်ငံအစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုလည်း အောင်မြင်မှု များစွာရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်က တရုတ်ကုန်သွယ်ရေးဝန်းကြီးဌာန ကြီးမှူးကျင်းပပြီး ယွမ်လုံဖင်လယ်ယာစိုက်ပျိုးရေးအဆင့်မြင့်နည်းပညာကုမ္ပဏီ တာဝန်ခံကျင်းပသည့် “မြန်မာနိုင်ငံမျိုးစပ်ဆန်စပါးနည်းပညာTraining”ကို နေပြည်တော်တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ လယ်ယာစိုက်ပျိုးရေးအတတ်ပညာရှင် အယောက် ၆၀ သည် ၄၅ ရက်ကြာ ခေတ်အမီဆုံး မျိုးစေ့ပျိုထောင်ခြင်းနှင့် ထုတ်လုပ်ခြင်းနည်းပညာကို သင်ယူလေ့လာရသည်။ တစ်နှစ်တည်းတွင်ပင် မော်လမြိုင်တက္ကသိုလ်က ဒုတိယပါမောက္ခချုပ် ဖြစ်သော ရုက္ခဗေဒပညာရှင် ဒေါက်တာစမ်းစမ်းအေးသည် စမ်းသပ်မြေ ၃ ကွက် စတင်ထူထောင်လာပြီး တရုတ်မြန်မာနှစ်နိုင်ငံ၏ ဆန်စပါးမျိုးစေ့ကို ရောနှောစိုက်ပျိုးခြင်းဖြင့် ပိုမိုများပြားသောမျိုးစေ့ကောင်းများ ပျိုးထောင်လာနိုင်ပြီး လယ်သမားများကို အကျိုးစီးပွားပိုရစေသည်။

ယခု မျိုးစပ်ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းသည် မြန်မာနိုင်ငံတွင် စတင်လုပ်ဆောင်နေသည့်အဆင့်သာ ရှိနေသေးသည် ဖြစ်သော်လည်း အလားအလာသိပ်ကောင်းသည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာနိုင်လျှင် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာလုံခြုံရေးအတွက်ရော၊ ဆန်စပါး ပြည်ပသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေ ရရှိရန်အတွက်ရော တွန်းအားပေးနိုင်မည် ဖြစ်ကြောင်း မြန်မာပြည်ဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Tang Shufu က ဖော်ပြသည်။