တရုတ်-လာအို ရထားလမ်းတစ်လျှောက်ရှိ ဆက်သွယ်ရေးတာဝါတိုင်များအားလုံး တည်ဆောက် ပြီးစီး

Yunnan Gateway, May 20, 2021
Size:



တရုတ်-လာအို ရထားလမ်းတစ်လျှောက်ရှိ ဆက်သွယ်ရေးတာဝါတိုင် ၆၇ ခုစလုံး၏ တည်ဆောက်မှုများသည် ပြီးစီးသွားခဲ့ပြီဖြစ်ရာ စီမံကိန်း၏အဓိကတိုးတက်မှုတစ်ခု ဖြစ်ကြောင်း သိရသည်။ ရထားလမ်း၏ ဆက်သွယ်ရေးတာဝါတိုင်များအနက် ထက်ဝက်မှာ ရှုပ်ထွေးသောပထဝီအနေအထားများနှင့် အသွားအလာ နည်းပါးသော အခြေအနေများနှင့်အတူ အပူပိုင်းဒေသ လူမနေထိုင်သော တောင်ထူထပ်သည့်ဧရိယာတွင် တည်ရှိသဖြင့် တည်ဆောက်ရေးအတွက် အခက်အခဲဖြစ်ခဲ့ရကြောင်း လာအို-တရုတ်ရထားလမ်းကုမ္ပဏီလီမိတက်၏ အထွေထွေမန်နေဂျာ Xiao Qianwen က ဆင်ဟွာသို့ မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ယင်းကုမ္ပဏီသည် ရထားလမ်းတည်ဆောက်ရေးနှင့် လည်ပတ်မှုတို့အား လက်ခံဆောင်ရွက်ရန် လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်း၌ အခြေစိုက်သော ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

မိုးရာသီကာလအတွင်း လိုအပ်သောပစ္စည်းများနှင့် ကိရိယာတန်ဆာပလာ အမြောက်အများအား တည်ဆောက်ရေးနေရာများသို့ တိရစ္ဆာန်များဖြင့်သာ သယ်ယူခဲ့ရကြောင်း အထွေထွေမန်နေဂျာ Xiao Qianwen က ပြောကြားခဲ့သည်။

ရထားလမ်း၏ဆက်သွယ်ရေးစီမံကိန်း ဆောင်ရွက်သည့် China Railway Construction Electrification Bureau Group ကုမ္ပဏီ(CRCC-EBG) မှ အဖွဲ့ခေါင်းဆောင် Li Chunsheng က ဆက်သွယ်ရေးတာဝါတိုင်အားလုံး တည်ဆောက်မှုသည် မေ ၁၅ ရက်တွင် ပြီးစီးခဲ့ကြောင်း၊ COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုအပါအဝင် မြင့်မားသော အရည်အသွေးနှင့်အတူ အစီအစဉ်အတိုင်း တာဝါတိုင်တပ်ဆင်ရေးလုပ်ငန်းများ ပြီးစီးရန် ၎င်း၏အဖွဲ့က ခက်ခဲသည့်တည်ဆောက်ရေးအခြေအနေများ ရင်ဆိုင်ရချိန်တွင် အသေးစိတ် အစီအစဉ်များအား ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်-လာအိုရထားလမ်းသည် တရုတ်နိုင်ငံမှ အဆိုပြုသည့်ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းချိတ်ဆက်သော အချက်အချာတစ်ခုအဖြစ်သို့ ပြောင်းလဲရန် လာအိုနိုင်ငံ၏ မဟာဗျူဟာစီမံကိန်း ဖြစ်ကြောင်း သိရသည်။

ကီလိုမီတာ ၄၀၀ ကျော်ရှိသည့် ရထားလမ်းသည် တရုတ်နိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသော လာအိုနိုင်ငံမြောက်ပိုင်းရှိ Botenနယ်စပ်ဂိတ်မှ ဗီယင်ကျန်းသို့ တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ အမြန်နှုန်းဖြင့် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားစနစ်ဖြင့် ခရီးသည်နှင့် ကုန်တင်ရထားလမ်းအား တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှုနှင့် နည်းပညာစံနှုန်းများ အပြည့်အဝ အသုံးပြု၍ တည်ဆောက်ခဲ့ကြောင်း ၊ စီမံကိန်းတည်ဆောက်မှုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးရန်နှင့် ယာဉ်အသွားအလာ ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)