ငွေလဲနှုန်းတည်ငြိမ်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တစ်ပတ်အတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅ သန်းရောင်းချ

CRI, May 18, 2021
Size:

မြန်မာနိုင်ငံဗဟိုဘဏ်သည် မေလ ၁၇ ရက်နေ့တွင် အမေရိကန် ဒေါ်လာ ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၆၆၅ ကျပ် ငွေလဲနှုန်းဖြင့် အမေရိကန်ဒေါ်လာ ၃ သန်းကို ရောင်းချခဲ့ပါသည်။ ယင်းသည် မြန်မာနိုင်ငံဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ငွေလဲနှုန်းတည်ငြိမ်စေရန်အတွက်  လွန်ခဲ့သည့်အပတ်အတွင်း အမေရိကန်ဒေါ်လာကို တတိယအကြိမ် အမြောက်အမြားထုတ်ရောင်းခဲ့ခြင်းဖြစ်ပြီး ရောင်းချသည့်အမေရိကန်ဒေါ်လာ စုစုပေါင်း ၁၅ သန်းရှိပြီဖြစ်သည်။