မြန်မာဖားကန့်သတ္တုတွင်းတွင် မြေပြိုမှုထပ်မံဖြစ်ပွား

CRI, May 17, 2021
Size:

ဒေသစံတော်ချိန် မေလ ၁၅ ရက်နေ့ ည ၈ နာရီခန့်တွင် မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းသတ္တုတွင်းတွင် မြေပြိုမှု ထပ်မံဖြစ်ပွားသောကြောင့် လူ ၁ ဦး အနည်းဆုံးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ ၁၅ ဦးခန့် ပျောက်ဆုံးနေပါသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၆ ရက်နေ့တွင် မြန်မာအစိုးရသည် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် ထိုနှစ် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ကချင်ပြည်နယ် ကျောက်စိမ်းသတ္တုလုပ်ငန်းကို ယာယီရပ်ဆိုင်းကြောင်း အမိန့်ချထားပါသည်။ သို့သော် တရားမဝင်သည့်သတ္တုတူးဖော်မှု ဘယ်တော့မှ ရပ်နားခြင်း မရှိသည်ကို တွေ့ရသည်။