မြန်မာနိုင်ငံသည် လာမည့်သီတင်းပတ်အတွင်း အာဆီယံအရာရှိများနှင့် ဆွေးနွေးမည်

CRI, May 16, 2021
Size:

မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇော်မင်းထွန်းက မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနသည် လာမည့်သီတင်းပတ်အတွင်းတွင် အာဆီယံအရာရှိများနှင့် ဆွေးနွေးမည်ဖြစ်ပြီး ယင်းသည် ဧပြီလ ၂၄ ရက်နေ့က အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးမှ သဘောတူညီချက် ၅ ချက်ကို ဖော်ဆောင်ရန်ဖြစ်သည်ဟု ယခုလ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပါသည်။

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူသည် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏မေးမြန်းချက်ကို ဖြေကြားရာတွင် ယင်းကော်မရှင်သည် မေလ ၂၁ ရက်နေ့တွင် နေပြည်တော်၌ ဒုတိယအကြိမ် တစ်ပြည်လုံးနိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ကျင်းပမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဖိတ်စာပို့ပြီဖြစ်ကြောင်း ပြောကြားပါသည်။