တရုတ်ဆေးပညာရှင်များအဖွဲ့သည် လာအိုနိုင်ငံမြောက်ပိုင်းတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်မှုလုပ်ငန်း ဆောင်ရွက်ပြီးစီး

CRI, May 16, 2021
Size:

ရက်သတ္တပတ်တစ်ပတ်ကြာ ကြိုးစားအားထုတ်ပြီးနောက် မေလ ၁၄ ရက်နေ့တွင် လာအိုနိုင်ငံသို့ သွားရောက်သော တရုတ်ဆေးပညာရှင်များအဖွဲ့သည် လာအိုမြောက်ပိုင်းပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်၍ ဗီယင်ကျန်းသို့ ပြန်လာ၍ လာအိုနိုင်ငံနှင့် ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်နေပါသည်။

တစ်ပတ်ကြာအတွင်း တရုတ်ဆေးပညာရှင် ၁၇ ဦး ပါဝင်သောလုပ်ငန်းအဖွဲ့သည် တရုတ်ပြည်၏အတွေ့အကြုံနှင့် လာအိုနိုင်ငံ၏ လက်တွေ့ကျအခြေအနေနှင့်ပေါင်းစပ်ပြီး လာအိုနိုင်ငံ မြောက်ပိုင်းပြည်နယ် ၄ ခု၌ ဒေသခံကျန်းမာရေးအဖွဲ့များနှင့်အတူ လေ့လာစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဒေသခံ ဆေးဝန်ထမ်းများအား လေ့ကျင့်လမ်းညွှန်မှုများ ပြုလုပ်ပေးခဲ့ပါသည်။