ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ ဆရာမ ၃၃၉ ဦး အလုပ်တာဝန်မှ ရပ်စဲခြင်းခံရ

CRI, May 7, 2021
Size:

ဒေသစံတော်ချိန် မေလ ၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ ဆရာမ ၃၃၉ ဦးသည် CDM ၌ ပါဝင်ခဲ့ပြီး သတ်မှတ်ထားသောအချိန်တွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခြင်းမရှိသောကြောင့် အလုပ်တာဝန်မှ ရပ်စဲခြင်းခံခဲ့ရပါသည်။

မေလ ၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများအသင်းမှ ဆိုရှယ်မီဒီယာ၌ တင်ထားသောအမိန့်စာတွင် အလုပ်တာဝန်မှ ရပ်စဲခြင်းခံခဲ့ရသော ဆရာ၊ ဆရာမများတွင် ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ အဆောင်မှူးစသည်တို့ပါဝင်ပါသည်။ ယင်းအမိန့်စာကို ရန်ကုန်တက္ကသိုလ်မှ ဒုတိယကျောင်းအုပ်ကြီး ဦးသန်းဇော်ဦးက လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခြင်းဖြစ်ပါသည်။

ဧပြီလ လကုန်ပိုင်းတွင် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရှိတက္ကသိုလ်ကျောင်းများကို မေလ ၅ ရက်နေ့တွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း၊ CDM တွင် ပါဝင်ခဲ့သူများသည် မေလ ၃ ရက်နေ့ မတိုင်မီတွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရန် လိုကြောင်း ကြေညာခဲ့ပါသည်။