မေလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ပေါက်ကွဲမှု ကြိမ်ဖန်များစွာ ဖြစ်ပွား

CRI, May 6, 2021
Size:

ဒေသစံတော်ချိန် မေလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ နေပြည်တော်၊ မူဆယ်နှင့် ရန်ကုန်စသည့်ဒေသများတွင် ပေါက်ကွဲမှု ကြိမ်ဖန်များစွာဖြစ်ပွားခဲ့ရာ လူအချို့ ဒဏ်ရာရရှိ ခဲ့ကြပါသည်။

မေလ ၅ ရက်နေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အနီးတစ်ဝိုက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲတစ်ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ၁၀ နာရီခန့်တွင် ပျဉ်းမနားမြို့နယ်ရှိ လယ်ယာစိုက်ပျိုးရေးပညာသင်ကျောင်းတစ်ကျောင်းတွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။

နံနက် ၇ နာရီခန့်တွင် မြန်မာနိုင်ငံမြောက်ပိုင်း မူဆယ်မြို့တွင် မိုင်းဗုံး ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ရာ လူသေကျေ အနာတရဖြစ်မှုမရှိပါ။

နံနက် ၅ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီလွှတ်တော်အမတ်တစ်ဦး၏ နေအိမ်ရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပါသည်။ ရန်ကုန် ဒဂုံတက္ကသိုလ်အနီးတစ်ဝိုက်ရှိဘတ်စကားတစ်စီးပေါ်တွင်လည်း ထိုနေ့ နံနက်ပိုင်းတွင်ပင် ကားတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။ ည ၇ နာရီခွဲမှ ၈ နာရီခန့်အထိ တာမွေမြို့နယ်ရှိ အလယ်တန်းကျောင်းတစ်ကျောင်းအနီးတစ်ဝိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ ကျောင်းတစ်ကျောင်းအနီးတစ်ဝိုက်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်ရှိ ကုန်တိုက်တစ်ခုတွင် ပေါက်ကွဲမှု ၆ ကြိမ်ဖြစ်ပွားခဲ့ရာ လူသေကျေ အနာတရဖြစ်မှုမရှိပါ။

ည ၁၀ နာရီခန့်တွင် ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်များတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသည်။ ကန်တော်ကြီးအနီးတစ်ဝိုက်တွင် ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ရာ အက်တီဂျီနာမည်ကျော် အားကစားသမားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပါသည်။