မြန်မာနိုင်ငံ၊ ပဲခူးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားသောကြောင့် လူ ၅ ဦး သေဆုံး

CRI, May 5, 2021
Size:

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးတွင် မေလ ၃ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားသောကြောင့် လူ ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ၄ ရက်နေ့က မြန်မာနိုင်ငံ ရုပ်မြင်သံကြားဌာနမှ သတင်းအရ သိရပါသည်။

ထိုနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီးရှိ  မြို့တစ်မြို့တွင် ချိန်ကိုက်ဗုံးတစ်လုံးကို စမ်းသပ်မှုပြုလုပ်ရာတွင် ပေါက်ကွဲမှုဖြစ်ခဲ့သောကြောင့် လူ ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး နောက် ဒဏ်ရာပြင်းထန်သူ တစ်ဦးလည်း သေဆုံးခဲ့ကြောင်း၊ ပေါက်ကွဲမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါသည်။

ယခုရက်များအတွင်း ရန်ကုန်အပါအဝင် မြန်မာနိုင်ငံဒေသများစွာတွင် လက်ပစ်ဗုံးနှင့် မိုင်းဗုံး ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပါသည်။