မြန်မာပြည်တွင်းငလျင်လှုပ်မှုအကြိမ်ပေါင်းများစွာ ဖြစ်ပွား

CRI, May 2, 2021
Size:

ငလျင်သတင်းစင်တာများမှ သတင်းအရ ဒေသစံတော်ချိန် မေလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ငလျင်လှုပ်မှု အကြိမ်ပေါင်းများစွာဖြစ်ပွားခဲ့ပါသည်။ ထိုနေ့လင်းအားကြီး ၃ နာရီ ၁၇ မိနစ် ၃၃ စက္ကန့်တွင် မြန်မာနိုင်ငံ ကယားပြည်နယ် လွိုင်ကော်မြို့၌ ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့သည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ ပဲခူးတိုင်း တောင်ငူမြို့အနားတွင် ရစ်ချ်တာစကေး ၄.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ ခုချိန်အထိ ဒီငလျင်နှစ်ကြိမ်ကြောင့် လူသေကျေဒဏ်ရာရရှိမှုသတင်း မရှိသေးကြောင်း သိရပါသည်။

ထိုနေ့နံနက်ပိုင်းကနေ ညနေပိုင်းအထိ မြန်မာနိုင်ငံတောင်ပိုင်း ရန်ကုန်မြစ်က ပင်လယ်သို့ ဝင်ရောက်သည့်အပေါက်နားတွင်လည်း ငလျင် ၃ ကြိမ်လှုပ်ခဲ့သည်ဟု China Media Group သတင်းအရ သိရပါသည်။