မြန်မာတက္ကသိုလ်၊ အထက်တန်း အလယ်တန်း မူလတန်းကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်

CRI, May 2, 2021
Size:

မြန်မာတက္ကသိုလ်ကျောင်းနှင့် အသက်မွေးပညာသင်ကျောင်းများကို မေလ ၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး အထက်တန်း အလယ်တန်း မူလတန်းကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက ကမ္ဘာ့ဘဏ်ထုတ်ပြန်ခဲ့သော မြန်မာစီးပွားရေး အကဲခတ် အစီရင်ခံစာအရ လက်ရှိအချိန်တွင် မြန်မာပြည်၌ အထက်တန်း အလယ်တန်း မူလတန်း ကျောင်းသူကျောင်းသား ၉ သန်းခန့် ရှိပြီး ကျောင်းသူကျောင်းသား ၁ သန်းခန့် တက္ကသိုလ်ကျောင်းတွင် ပညာသင်ယူနေကြောင်း၊ ပြီးခဲ့သည့်တစ်နှစ်တွင် ၎င်းတို့က ဂယက်ရိုက်ခတ်မှု များစွာခံခဲ့ရကြောင်း သိရပါသည်။