မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး အမိန့်ကို မေလ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်း

CRI, May 1, 2021
Size:

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီသည် ဧပြီလ ၃၀ ရက်နေ့က ကြော်ညာချက် ထုတ်ပြန်ပြီး ဧပြီလ ၃၀ ရက်နေ့အထိ ပြီးဆုံးရန် မူလသတ်မှတ်သော ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးသက်ဆိုင်ရာအမိန့်ကို မေလ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်းကြောင်း ဖော်ပြခဲ့သည်။

၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာသူများ သီးခြားနေ ဆောင်ရွက်မှု ပြုလုပ်ပြီး ၂၀၂၀ ခုနှစ် မတ်လ ၂၁ ရက်ကစပြီး ဆိုက်ရောက်ဗီဇာနှင့် e-visa ဝန်ဆောင်မှုအားလုံးကို ရပ်ဆိုင်းခဲ့သည်။ ထို့နောက် ၂၀၂၀ ခုနှစ် မတ်လ ၃၀ ရက်နေ့ကစပြီး စီးပွားဖြစ်ခရီးသည်တင်လေယာဉ်လုပ်ငန်း အားလုံးကိုလည်း ရပ်ဆိုင်းခဲ့သည်။