လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၅ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား - လူငယ်လူရွယ်များ ဖလှယ်ရေးသင်တန်းကျောင်းနှင့် ဒေသန္တရ ပူးပေါင်းဆောင်ရွက်မှု စတင်

lmcchina.org, April 26, 2021
Size:

ယခုနှစ်သည် လန်ချန်း-မဲခေါင်း ပူးပေါင်းဆောင်ရွက်မှု ၅ နှစ်ပြည့် အထိမ်းအမှတ် အခါသမယ ဖြစ်သည်။ ၅ နှစ်ကြာကာလတွင် တရုတ်၊ ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ ၆ နိုင်ငံက တစ်စိတ်တစ်ဝမ်းတည်း ပါဝင်အားဖြည့်ဆောင်ရွက်ခဲ့ကြရာ အဆင့်မြင့်ပညာရေး၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရား၏ အရေးကြီးသောအစိတ်အပိုင်း ဖြစ်ခဲ့သည်။ ပထမအကြိမ်မြောက် လျန်ချန်း-မဲခေါင် လူငယ်လူရွယ်များ ဖလှယ်ရေး သင်တန်းကျောင်းနှင့် ဒေသန္တရ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို မတ်လ ၂၆ ရက်က ဖူသန့်တက္ကသိုလ်(Fudan University)တွင် ကျင်းပခဲ့ပြီး “လန်ချန်း-မဲခေါင် လူငယ်လူရွယ်များ အွန်လိုင်း”ပလက်ဖောင်းကို စတင်ခဲ့သည်။

ယင်းပလပ်ဖောင်းတွင် အစုလိုက်ဆွေးနွေးခြင်း၊ သင်ယူလေ့လာခြင်း၊ ပြိုင်ပွဲများစီမံခြင်းများ ပါဝင်သည်။ နိုင်ငံ ၆ နိုင်ငံရှိ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများက မိုဘိုင်းဖုန်း၊ ကွန်ပျူတာများမှတစ်ဆင့် ဆွေးနွေးဖလှယ်ရေး၊ အွန်လိုင်းပညာသင်ကြားရေး၊ မွမ်းမံသင်တန်းများနှင့်အတူ ပြိုင်ပွဲများကိုပါ ကျင်းပပါဝင်ဆောင်ရွက်နိုင်သည်။

လန်ချန်း-မဲခေါင် လူငယ်လူရွယ်များ ပူးပေါင်းဖလှယ်ရေးစင်တာတည်ထောင်မှုသည် LMC မူဘောင်အောက်တွင် ဘက်ပေါင်းစုံ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၏စံနမူနာကောင်းတစ်ခု ဖြစ်ရာ ယခုစာသင်ကျောင်းနှင့် ဒေသန္တရပူးပေါင်းဆောင်ရွက်မှုဖိုရမ်အခွင့်အလမ်းကို အသုံးပြုပြီး မိမိတို့၏အားသာချက်များဖြင့်   LMC လူငယ်လူရွယ်ပူးပေါင်းဖလှယ်ရေးကဏ္ဍကို တစ်ဆင့်တိုးအောင် အကျိုးဆောင်သွားကြမည် ဖြစ်ကြောင်း LMC တရုတ်နိုင်ငံအတွင်းရေးမှူးရုံး နိုင်ငံအဆင့်ညှိနှိုင်းရေး ဒုတိယအကြီးအကဲ ကျိလျင်ဖုန်က အလေးထားပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင် လူငယ်လူရွယ်ပူးပေါင်းဆောင်ရွက်မှုစင်တာကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ရာ LMC ရေအရင်းအမြစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုစင်တာ၊ LMC သဘာဝပတ်ဝန်းကျင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုစင်တာ၊ LMC  လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုစင်တာများအပြီးတွင် တည်ထောင်ခဲ့သည့် LMC ပူးပေါင်းဆောင်ရွက်မှုယန္တရားဖြင့် နိုင်ငံများအကြား စွမ်းဆောင်မှု ရှိသည့်ပလက်ဖောင်းတစ်ခု ဖြစ်သည်။ ဒေသတွင်း လူမှုယဉ်ကျေးမှုဖလှယ်ရေး၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်မြင့်ပညာ ပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာပလက်ဖောင်းအဖြစ် အားထားဆောင်ရွက်လျက်ရှိရာ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံအသီးသီး၏အဆင့်မြင့်စာသင်ကျောင်းနှင့် လူငယ်များပူးပေါင်းဖလှယ်ရေးနှင့် အတူဖွံ့ဖြိုးရေးကို ဘက်စုံဝန်ဆောင်မှုပေးဆောင်ရွက်လျက်ရှိသည်။