【Lanmei Outlook】Boao Forum အပေါ် နိုင်ငံခြားသားအမြင် ။ ။ ခင်မောင်စိုး Asia Boao Forum ကြောင့် မြန်မာ-တရုတ် ချစ်ကြည်ရေး မြှင့်တင်လာခြင်း

Yunnan Gateway, April 21, 2021
Size:

အယ်ဒီတာအညွှန်း- ဧပြီလ (၁၈) ရက်နေ့တွင် ၂၀၂၁ ခုနှစ် Asia Boao Forum နှစ်ပတ်လည် ညီလာခံကို စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍမှ ကိုယ်စားလှယ် အသီးသီးသည် ဟိုင်နန်မြို့တွင် လာရောက်စုစည်းကြပြီး “Boao Time” စတင်ခဲ့သည်။

လွန်ခဲ့သောနှစ် (၂၀) တွင် Boao သည် လူသူမသိသေးသော တံငါရွာလေးသာ ဖြစ်သည်။ နှစ်ပေါင်း (၂၀) ကြာပြီးနောက် Boao သည် အာရှတိုက်နှင့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုရှိသော ကူးလူးဖလှယ်ရေး ပလက်ဖောင်းဖြစ်လာသည်။ နှစ် (၂၀) အတွင်း Boao အာရှဖိုရမ်၏အကျိုးသက်ရောက်မှုမှာ ထွန်းကားပြန့်ပွားနေပြီး ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်းရှိကာ အာရှတိုက်နှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် ထူးခြားသောအခန်းကဏ္ဍ ဖြစ်ခဲ့သည်။

ယနေ့မှစ၍ ဟိုင်နန်အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးစင်တာ၊ ဟိုင်နန်အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးကွန်ရက်မှ “Boao Forum အပေါ်  နိုင်ငံခြားသားအမြင်” ဟူသောကော်လံအသစ် ဖွင့်လှစ်တင်ဆက်မည်ဖြစ်သည်။ နိုင်ငံတကာမှ ကျွမ်းကျင်သူပညာရှင်များကို ဖိတ်ခေါ်ပြီး Boao အာရှဖိုရမ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ အာရှတိုက် စီးပွားရေးအလားအလာများနှင့် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများကို ဆွေးနွေးကြမည်ဖြစ်ပြီး အသိပညာနှင့် အတွေးအခေါ်များကို တင်ဆက်ဖော်ပြသွားမည်။

စာရေးသူ - ခင်မောင်စိုး၊ သုတေသနပညာရှင်၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် အပြည်ပြည်ဆိုင်ရာ လေ့လာရေးအဖွဲ့ အကြံပေး၊ မြန်မာနိုင်ငံ နိုင်ငံရေးသိပ္ပံကျေင်းသားဟောင်းများအဖွဲ့ အသင်းဝင်။

၂၀၁၈ ခုနှစ်တွင် ကျွန်တော် တရုတ်နိုင်ငံသို့ သွားရောက်လေ့လာစဉ်ကာလအတွင်း တရုတ်လူငယ်သုတေသန ပညာရှင်တစ်ဦးနှင့် သိကျွမ်းခဲ့သည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ၏ စီးပွားရေး၊ ယဉ်ကျေးမှုစသည့် အပိုင်းကဏ္ဍများကို ဆွေးနွေးခဲ့သည်။ “Boao Asia Forum”မှာ ကျွန်တော်တို့ အမြဲပြောဖြစ်သော ခေါင်းစဉ်တစ်ခုဖြစ်ပြီး အဆိုပါပညာရှင်၏ အသေးစိတ်ရှင်းပြပေးခြင်းကြောင့် ဖိုရမ်၏ဖွံ့ဖြိုးတိုးတက်ရေးသမိုင်းကို ကျွန်တော်ပိုမိုသိရှိခဲ့ရသည်။

မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးနောက် ဘာကြောင့် Boao အာရှဖိုရမ် ဒီလောက်ပြောင်းလဲမှုများရှိခဲ့ရသည်ကို ပိုပြီးဂရုစိုက်ခဲ့သည်။ လူ့သမိုင်းတွင် ခေတ်အဆက်ဆက်ပြောင်းလဲနေပြီး စိတ်လှုပ်ရှားဖွယ်ရာသမိုင်း အသီးသီးရှိသည်။ Boao အာရှဖိုရမ်၏ဖြစ်မြောက်လာရေးမှာ အာရှတိုက်မှ နိုင်ငံအသီးသီး၏ထောက်ခံချက် ရရှိခြင်းကြောင့် ဖြစ်ပြီး ကမ္ဘာတဝှမ်းတွင် ဂရုစိုက်ခြင်းခံရသည်။ အာရှတိုက်သမိုင်း ရာဇဝင်အတွင်းသို့ မှတ်တမ်းတင်နိုင်သည့်အထိဖြစ်သည်။ ယခုချိန်မှာ ဒေသဆိုင်ရာစီးပွားရေး ပေါင်းစည်းချိန်ဖြစ်ပြီး Boao အာရှဖိုရမ်မှာ အတူဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် အာရှတိုက်နိုင်ငံများ၏ ဆက်သွယ်ရေးကို မြှင့်တင်ပေးပြီး နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးများ မြှင့်တင်ပေးသည်။ အဆိုပါအချက်မှာ အားလုံးသိမြင်နေပြီး ဖြစ်သည်။

၂၀၂၀ ခုနှစ် ဧပြီလတွင် တရုတ်ဟိုင်နန် Boao Asia Forum ၏ ပထမဆုံးသော နှစ်ပတ်လည်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ထိုအချိန်တွင် နိုင်ငံနှင့်ဒေသ ပေါင်း (၄၈) ခုမှ ကိုယ်စားလှယ်ပေါင်း (၁၉၀၀) ကျော် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။ ယခုနှစ်မှာ Boao အာရှဖိုရမ် တည်ထောင်ပြီး နှစ် (၂၀) ပြည့်နှစ်ဖြစ်ပြီး ဧပြီလ (၁၅) ရက်နေ့ထိ ယခုနှစ် offline register ပါဝင်ခဲ့သူပေါင်း (၄၁၂၈) ဦးရှိပြီ ဖြစ်သည်။ အဆိုပါ ဒေတာများအရ ဖိုရမ်၏အတိုင်းအတာမှာ ကျယ်ပြန့်နေပြီး အကျိုးသက်ရောက်မှုလည်း ဆက်လက်မြင့်တက်နေသည်ကို တွေ့မြင်နိုင်သည်။

ယခုနှစ် ခေါင်းစဉ်မှာ “ကမ္ဘာ့အပြောင်းအလဲများ ။ ။ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုတွင် အတူလိုက်ပါ၊ ‘The Belt and Road’ သံစုံတီးဝိုင်းတွင် အတူတီးမှုတ်” ဖြစ်သည်။ နှစ်ပေါင်း (၂၀) အတွင်း၏ နှစ်စဉ် ခေါင်းစဉ်များကို လေ့လာကြည့်လျှင် Boao အာရှဖိုရမ်မှာ အာရှဒေသ ဂလိုဘယ်လိုက်ဇေးရှင်း ပေါင်းစည်းလျှောက်လှမ်းရန် အရှိန်မြှင့်တင်ပေးနေသည်။ “အာရှတိုက်သဘောတူညီချက်”မှ “အာရှတိုက်၏အသံ” အဖြစ် အဆင့်မြင့်တက်သွားပြီး စီးပွားရေးစသည့်နယ်ပယ်များအားလုံးတွင် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများနှင့် ချိတ်ဆက်နိုင်သောပလက်ဖောင်းတစ်ခုဖြစ်လာခဲ့သည်။ သို့ဖြစ်သောကြောင့် ယခုနှစ်၏နှစ်ပတ်လည်ပွဲမှာ ခါတိုင်းနှင့် မတူပေ။ အစည်းအဝေးမှ လေးနက်သောဆွေးနွေးမှုများမှတစ်ဆင့် အာရှတိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ကြွယ်ဝချမ်းသာခြင်းစီမံကိန်း အကောင်အထည်ဖော်နိုင်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ Boao အာရှဖိုရမ်မှာလည်း အာရှတိုက်နိုင်ငံများ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ဆီသို့ ကြီးမားသော ခွန်အားဖြစ်စေမည် ဖြစ်သည်။

အကယ်၍ ကမ္ဘာ့သမိုင်းဖွံ့ဖြိုးတိုးတက်ပုံကို သုတေသနလုပ်လျှင် ခုန်ပျံကျော်လွှားပြီး အောင်မြင်လာသောနိုင်ငံများ၏သမိုင်းမှာ အထူးဆွဲဆောင်မှုရှိသည်။ အဆိုပါနိုင်ငံများအနက် တရုတ်နိုင်ငံ၏ တဟုန်ထိုး ဖွံ့ဖြိုးလာမှုမှာ စံနမူနာဖြစ်သည်။ တရုတ်နိုင်ငံထူထောင်ခဲ့ပြီး နှစ်(၇၀)အတွင်း ဆောက်လုပ်ရေးများအရှိန်အဟုန်မြှင့်တင်ခဲ့ပြီး တံခါးဖွင့်ဝါဒများ ကျင့်သုံးခဲ့သည်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးစီမံကိန်းများ ကောင်းမွန်စွာ အကောင်အထည်ဖော်ခဲ့ပြီး ကြီးမားသော သမိုင်းအပြောင်းအလဲတစ်ခု စတင်ခဲ့ပါတော့သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ လကုန်ပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံတော်သမ္မတ ရှီကျင့်ဖျင်သည် (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဤသို့ပြောကြားခဲ့သည်။ “လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးသမိုင်းမှာ ယှဉ်ပြိုင်ခြင်းအမျိုးမျိုးနှင့် ပြဿနာအမျိုးမျိုးကို ဖြတ်ကျော်သောသမိုင်းပင် ဖြစ်ပေသည်။” အဆိုပါစကားကို ကျွန်တော်အလွန်ခံစားမိသည်။ မြန်မာ-တရုတ်ပေါက်ဖော်ချစ်ကြည်ရေး၊ Boao အာရှဖိုရမ်ဆက်လက်ထွန်းကားနေဆဲတွင် ပြဿနာအမျိုးမျိုးနှင့်ရင်ဆိုင်ရမည် ဖြစ်သည်။ စိန်ခေါ်ခြင်းများကိုသာ တိုက်ထုတ်နိုင်ခဲ့ရင် ကျွန်တော်တို့၏အနာဂတ်မှာ ပိုမိုတောက်ပနေလိမ့်မည်။ Boao အာရှဖိုရမ်မှာ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးများ ပိုမိုနက်ရှိုင်းစေပြီး အာရှနှင့်ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် ၎င်း၏ထူးခြားသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်နိုင်ရန် ကျွန်တော်မျှော်လင့်ပါသည်။