အာရှတိုက်ဒေသအုပ်စုများသည် မြန်မာနိုင်ငံ၏ စိုးရိမ်ဖွယ်ရာအခြေအနေကို အဆုံးသတ်ရန် အဓိကအကျိုးဆောင်ပေးနိုင်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ အလေးအနက်ပြောကြား

Yunnan Gateway, April 20, 2021
Size:

အာရှတိုက်နိုင်ငံအသီးသီး၏ အကြီးအကဲများက ပိုမိုအားထုတ်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ယခုနှစ် ဖေဖော်ဝါရီလ လဆန်းကတည်းက ဖြစ်ပွားသောအခြေအနေကို တည်ငြိမ်စွာ ဖြေရှင်းနိုင်မည့်နည်းလမ်း ရှာဖွေရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် António Guterres သည် ဧပြီလ ၁၉ ရက်နေ့က ကုလသမဂ္ဂ၏လုံခြုံရေးကောင်စီတွင် တိုက်တွန်းခဲ့ပါသည်။ “ယခုအချိန်မှာ မြန်မာနိုင်ငံအခြေအနေ ကဏ္ဍမှာ အာဆီယံရဲ့အကျိုးဆောင်မှုက အရင်ကထက် ပိုအရေးကြီးလှတယ်။ စစ်အာဏာရှင်တို့ရဲ့အကြမ်းဖက်မှုများနဲ့ ဖိနှိပ်မှုများကို အဆုံးသတ်ဖို့ နိုင်ငံတကာက အတူတတွ ကြိုးစားလုပ်ဆောင်ဖို့ ကျွန်တော် ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့ပါတယ်”ဟု ၎င်းက ပြောကြားခဲ့ပါသည်။