လာအိုနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှုန်း ၄ ရာခိုင်နှုန်းကျော်သို့ ရောက်ရှိ

CRI, April 20, 2021
Size:

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော် ဒု မြို့တော်ဝန် Phouvong က လက်ရှိအချိန်အထိ လာအိုတစ်ပြည်လုံးရှိ လူ ၃ သိန်းသည် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆေးကို ထိုးနှံခဲ့ ပြီဖြစ်ကြောင်း၊ ဗီယင်ကျန်းမြို့သည် တရုတ်၊ အာဆီယံမှ ချစ်ကြည်ရေးမြို့များနှင့် အပြန်အလှန် အားပေးကူညီထောက်ပံ့ပြီး၊ ကိုဗစ်-၁၉ ရောဂါ အခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ယခုလ ၁၉ ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။