မြန်မာစစ်ဘက်ခေါင်းဆောင်သည် အာဆီယံအထူးအစည်းအဝေးသို့ တက်ရောက်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု

CRI, April 19, 2021
Size:

ဧပြီလ ၁၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Tiku Fasassa က မြန်မာစစ်ဘက်မှ ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာမည့်အပတ် ဂျာကာတာတွင် ကျင်းပမည့် အာဆီယံအထူးအစည်းအဝေးသို့ တက်ရောက်မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

Tiku Fasassa က အာဆီယံအတွင်းရေးမှူးဌာနသည် ဂျာကာတာတွင် တည်ရှိသောကြောင့် အာဆီယံခေါင်းဆောင်များအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။