မြန်မာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်း

CRI, April 17, 2021
Size:

မြန်မာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး ဦးဝင်းမြင့်က သမ္မတအဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ထမ်းဆောင်ကြောင်း ကြေညာခဲ့ပါသည်။

 မြန်မာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ထုတ်ပြန်သည့်စာတမ်းတစ်ခုတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ယင်းကော်မတီက ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ချမှတ်သော “ဖက်ဒရယ် ဒီမိုကရက်စီ ပဋိညာဉ်စာတမ်း”မှ ပုဒ်မ ၁၉ အရ ဖွဲ့စည်းထူထောင်ခြင်းဖြစ်သည်ဟု ဖော်ပြပါသည်။ ထို့ပြင် ယင်းကော်မတီက နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး၊ ပညာရေးဝန်ကြီး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး အစရှိသည့်ဝန်ကြီးများနာမည်စရင်းကိုလည်း ကြေညာခဲ့ပါသည်။