လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၅ နှစ်ပြည့်အထိမ်းအမှတ် - တစ်သွင်သွင်စီးဆင်းသည့် မြစ်ရေနှင့်အတူ စည်ပင်သာယာရေးသို့ လျှောက်လှမ်းချီ

lmcchina.org, April 16, 2021
Size:

ပြီးခဲ့သည့် ၅ နှစ်ကာလတွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် တွင်ကျယ်စွာ ဆောင်ရွက်သည့်ကာလမှ ဘက်စုံတိုးတက်ရေးကာလသို့ လျှောက်လှမ်းခဲ့ရာ သိသာထင်ရှားသည့် အောင်မြင်မှု များစွာရရှိခဲ့ပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်လောင်းပေးခဲ့သည်။

 

မူဝါဒပိုင်းဆိုင်ရာတွေ့ဆုံဆွေးနွေးမှု မပြတ်တိုးတက်မှု ရှိလာ

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ  ယူနန်ပြည်နယ်သည် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပထမအကြိမ်နှင့် တတိယအကြိမ် နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးများ ကျင်းပခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လတွင် ပထမဆုံး ပြည်နယ်အဆင့် LMC ဆက်သွယ်ရေးဌာနအဖြစ်  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တရုတ်နိုင်ငံအတွင်းရေးမှူးရုံး ယူနန်ပြည်နယ်ဆက်သွယ်ရေးဌာနကို ဖွင့်လှစ်ခဲ့သည်။

၂၀၁၉ ခုနှစ် မတ်လတွင် ယူနန်-ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ရာတွင် ယူနန်ပြည်နယ်နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုယန္တရားကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

 

အခြေခံအဆောက်အဦချိတ်ဆက်မှု မပြတ်ပြည်စုံကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိ

ယူနန်ပြည်နယ် “ပြည်ပထွက်ခွာရန်လမ်းကြောင်းငါးသွယ်”ကို ယူနန်ပြည်နယ်အတွင်းတွင် မြန်နှုန်းမြင့်ဖြစ်အောင် အခြေခံအားဖြင့် ဆောင်ရွက်ပြီး ဖြစ်သည်။ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှ Vang Vieng မြို့သို့ သွားလာသည့်အမြန်လမ်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် တရားဝင်ဖွင့်လှစ်နိုင်ခဲ့သလို တရုတ်-လာအိုရထားလမ်းကိုလည်း ယခုနှစ် နှစ်ကုန်ပိုင်းတွင်း ဖွင့်လှစ်နိုင်မည် ဖြစ်ပါသည်။ ယူနန်တစ်ပြည်နယ်လုံးမှ မဲခေါင်မြစ်ဝှမ်းနိုင်ငံများသို့ ပြေးဆွဲသည့်လေကြောင်းလိုင်း ၄၀ ကျော် ရှိသည်။

 

ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိ

၂၀၂၀ ပြည့်နှစ်တွင် ယူနန်ပြည်နယ်နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၏ကုန်သွယ်ရေးသည် တိုးတက်မှုအဖြစ် ထိန်းထားနိုင်ခဲ့ရာ သွင်းကုန်ပို့ကုန်ပမာဏ စုစုပေါင်း ကန်ဒေါ်လာ ၁၆.၀၄ ဘီလီယံ ရှိပြီး ကာလတူထက် ၃.၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

 

လန်ချန်း-မဲခေါင် ဇီဝမျိုးစိတ်ကာကွယ်စောင့်ရှောက်ရေး ရှုမြင်စရာ

ဧရိယာအကျယ်အဝန်း ဟက်တာ ၂ သိန်းခန့် ရှိသည့် တရုတ်နိုင်ငံ စစ်ဆောင်ပန်နား - လာအိုနိုင်ငံ မြောက်ပိုင်းပြည်နယ် ၃ ပြည်နယ်ရှိ နယ်စပ်ဖြတ်ကျော် ပူးတွဲကာကွယ်စောင့်ရှောက်ရေးဇုန်ကို တည်ဆောက်ခဲ့သလို ဗီယက်နမ်နိုင်ငံနှင့်လည်း နယ်စပ်သစ်တောနှင့် တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို ချုပ်ဆိုခဲ့သည်။

 

ပြည်သူချင်းစိတ်ချင်းဆက်နွယ်ရေး

၅ နှစ်ကြာကာလတွင် လန်ချန်း-မဲခေါင် အသက်မွေးဝမ်းကျောင်းပညာရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်များ မပြတ်တိုးပွားလာခဲ့ရာ  မြစ်ဝှမ်းဒေသရှိ နိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော်၊ မဲခေါင်သင်တန်ကျောင်းပူးပေါင်းဆောင်ရွက်ရေးမွမ်းမံသင်တန်းစီမံကိန်း၊ LMC ပြတိုက်၊ “စက္ခုအလင်းရောင်”၊ ”နှလုံးရောဂါကုသရေး” ကုသိုလ်ဒါနအစီအစဉ်များ စုံလင်စွာဆောင်ရွက်ခဲ့သည်။ ယူနန်ပြည်နယ်နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများသည် အပြန်အလှန် လက်ကမ်းကူညီခဲ့ကြရာ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသရှိနိုင်ငံများ ကံတူအကျိုးပေး အသိုက်အဝန်း၏အနက်အဓိပ္ပာယ်ကို လက်တွေ့ပြသခဲ့ကြသည်။