လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စတင်ခြင်း ၅နှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲသို့ ဝမ်ယိ တက်ရောက်

CRI, April 14, 2021
Size:

ယခုလ ၁၃ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

လန်ချန်း-မဲခေါင်နိုင်ငံ ၆ နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး သဘာဝကျသည့် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်များလည်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၅ နှစ်အတွင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစနစ်သည် မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများမှ ပြည်သူများကို လက်တွေ့ကျသောအကျိုးများကို ဆောင်ကြဉ်းပေးကြောင်း၊ တရုတ်သည် မဲခေါင်မြစ် နိုင်ငံများနှင့် လက်တွဲပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်တိုးတက်စေပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်ကို ဖန်တီးကာ သာယာဝပြောသောဒေသသစ်ကို ထူထောင်မည်ဖြစ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲဥက္ကဋ္ဌနိုင်ငံ တရုတ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေက မဲခေါင်မြစ်နိုင်ငံများမှ သံတမန်များကိုယ်စား မိန့်ခွန်းပြောကြားရာတွင် မိမိတို့နိုင်ငံများအနေနှင့် တရုတ်နှင့် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ပြီး ပြည်သူများကို ပိုမိုအကျိုးပြုသည့်စနစ်များ ထူထောင်ခြင်းနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။