ဒိုဗန်ချန်သည် ဗီယက်နမ် ဖခင်နိုင်ငံ တပ်ဦး ဗဟိုကော်မတီအဖွဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့်အတွက် ဧပြီလ ၁၂ ရက်နေ့က တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဝမ်းယန်သည် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။
ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် တရုတ်နှင့်ဗီယက်နမ် နှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်သောနိုင်ငံဖြစ်ပြီး ချစ်ကြည်ရေးအစဉ်အလာသမိုင်း ကြာရှည်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့၏ ကြိုးပမ်းမှုဖြင့် တရုတ်-ဗီယက်နမ်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန်၍ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီနှင့် ဗီယက်နမ် ဖခင်နိုင်ငံ တပ်ဦး ဗဟိုကော်မတီအဖွဲ့အကြား ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တစ်နေ့တခြား နီးကပ်လာကြောင်း၊ မိမိအနေနှင့် ဥက္ကဋ္ဌ ဒိုဗန်ချန်နှင့်အတူ နှစ်ပါတီနှင့် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ သဘောတူညီချက်များကို လက်တွေ့ဆောင်ရွက်ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို တိုးမြှင့်လိုကြောင်း၊ ခေတ်သစ်တွင် တရုတ်-ဗီယက်နမ်ချစ်ကြည်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကြီးမားသည့် အကျိုးပြုမှု စွမ်းဆောင်လိုကြောင်း ဝမ်းယန်က ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။