“လန်ချန်း-မဲခေါင်ပတ်”ဟောပြောပွဲပြိုင်ပွဲ အောင်မြင်စွာကျင်းပပြီးစီး

lmcchina.org, April 12, 2021
Size:

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစနစ် ထူထောင်လာခြင်း ၅ နှစ်ပြည့် အခါသမယတွင် ဒုတိယကြိမ်မြောက် “လန်ချန်း-မဲခေါင်ပတ်” ဟောပြောပွဲပြိုင်ပွဲကို ယူနန်တိုင်းရင်းသားတက္ကသိုလ်တွင် အောင်မြင်စွာကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် တရုတ်၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသော ဘာသာစကား ၆ မျိုးဖြင့် အသင်းခွဲပေးလိုက်သည်။ ဟောပြောပွဲခေါင်းစဉ်က “ကျွန်တော်/ကျွန်မ စိတ်ထဲမှ လန်ချန်း-မဲခေါင်” ဖြစ်ပြီး သက်ဆိုင်ရာဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများက တက်တက်ကြွကြွပါဝင်ခဲ့ကြပါသည်။

၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်နေ့ညနေပိုင်းတွင် ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသော အသင်း ၅ ခုက ပြိုင်ပွဲ ကျင်းပပြီး ပါဝင်ယှဉ်ပြိုင်သူများသည် အထက်ပါခေါင်းစဉ်ဖြင့် မိမိသိရှိနားလည်သည့် လန်ချန်း-မဲခေါင်ကို ထိထိရောက်ရောက် ဖွင့်ဟဖော်ပြထားပါသည်။ ပါဝင်ယှဉ်ပြိုင်သူများ၏ ထူးချွန်လှသော ဟောပြောချက်သည် ပရိသတ်များ၏ဩဘာပေးခြင်းကို များစွာရရှိပါသည်။

တရုတ်ဘာသာစကားအသင်း၏ဟောပြောပွဲပြိုင်ပွဲသည် ညနေ ၅ နာရီခွဲတွင် ကျင်းပခဲ့သည်။ ပါဝင်ယှဉ်ပြိုင်သူများသည် ရိုးရာဟန့်လူမျိုးဝတ်စုံနှင့်ဖြစ်ဖြစ်၊ တိုင်လူမျိုး၊ ဘိုင်လူမျိုးစသော တိုင်းရင်းသားများ၏ဝတ်စုံနှင့်ဖြစ်ဖြစ် ပြိုင်ပွဲသို့ ပါဝင်ကြသည်။ နောက်ခံက screen တွင် ကောင်းကင်မှရိုက်ထားသော လန်ချန်းမြစ်၏ သာယာလှပပြီး ခန့်ညားသည့် ရှုခင်းများကို ပြထားပြီး မဲခေါင်မြစ်နှစ်ဖက်ကမ်း ဒေသခံပြည်သူများ၏ အေးချမ်းသာယာသည့်နေထိုင်ပုံများ၊ စိမ်းလန်းစိုပြည်သောရှုခင်းများနှင့် လူမှုရေးမြင်ကွက်များ၊ သာယာသောတေးဂီတကို နောက်ခံပြီး အစီရင်ခံသူ၏ရှင်းလင်းဖော်ပြချက်များကို ပြထားပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအောက်မှာ လန်ချန်း-မဲခေါင်ဒေသမှ အေးချမ်းသာယာသည့်အခြေအနေများကို ဖော်ပြထားသည်။

ယင်းပြိုင်ပွဲသည် “လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး”ဟူသောခေါင်းစဉ်ကို အခြေခံထားသည် ဖြစ်၏။ “မြစ်တစ်သွယ်မှရေကို အတူတူသောက်ခြင်း၊ အေးအတူ ပူအမျှ အကျိုးစီးပွား အတူတူ ခံစားရရှိခြင်း”ဟူသောသဘောထားသည် ဒေသခံပြည်သူများ၏စိတ်ထဲတွင် အမြစ်တွယ်၍ လန်ချန်း မဲခေါင်နိုင်ငံများမှ လူငယ်ချင်း၏ဖလှယ်ရေးနှင့် ချစ်ကြည်ရေးတိုးတက်စေခြင်းအတွက်လည်းကောင်း၊ ကျောင်းသူကျောင်းသားများက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုသိရှိနားလည်စေခြင်းအတွက်လည်းကောင်း ကြီးမားသောအဓိပ္ပါယ်ရှိပါသည်။