ထိုင်းနိုင်ငံ တစ်ပြည်လုံးတွင် တရုတ်နိုင်ငံမှ ဝယ်ယူထားသော Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။ ဒေသစံတော်ချိန် ဧပြီလ ၉ ရက်နေ့တွင် အသက် ၇၂ နှစ်ရှိသော ထိုင်းနိုင်ငံနာမည်ကျော်ကြားသော အသက်ရှူလမ်းကြောင်း အထူးကု ပါရဂူ မာနူက လူမှုကွန်ရက်တွင် မိမိသည် ထရုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးလိုက်ပြီဖြစ်ပြီး Sinovac ကာကွယ်ဆေး၏ လုံခြုံမှုနဲ့ အာနိသင်ထိရောက်မှုအပေါ် ယုံကြည်စိတ်အပြည့်အဝရှိပါကြောင်း ရေးသားဖော်ပြပါသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။