မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အသစ်ခန့်အပ်

CRI, April 9, 2021
Size:

ဒေသစံတော်ချိန် ဧပြီလ ၇ ရက်နေ့က မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဗြိတိန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် ဒေါက်တာချစ်ဝင်းအား အသစ်ခန့်အပ်ပြီး  တစ်ချိန်တည်းတွင် သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သံအမတ်ဟောင်း ဦးကျော်စွာမင်း၏ ရာထူးသက်တမ်းသည် ဧပြီလ ၇ ရက်နေ့ ညနေ ၅ နာရီတွင်  ပြီးဆုံးပြီဖြစ်ပြီး သံအမတ်ကြီးအသစ်ကို ခန့်အပ်လိုက်ပြီဟုလည်း ဗြိန်တိန်နိုင်ငံခြားရေးဝန်ကြီးဌာနဆီကို အကြောင်းကြားစာ ပေးပို့ထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။