ထိုင်းနိုင်ငံဘန်ကောက်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးအဆင့်မြှင့်တင်ပြီး ဒေသ ၃ ခုရှိ ဖျော်ဖြေရေးနေရာ ပိတ်ပစ်

CRI, April 7, 2021
Size:

ဧပြီလ ၅ ရက်နေ့ ညတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ဝန် အဆာယွမ်းက ကိုဗစ်-၁၉ ထိန်းချုပ်ဟန့်တားရန် Klong Toey၊ Watthana နှင့် Bang Khae ဒေသ ၃ ခုမှ ဖျော်ဖြေရေးနေရာများကို ဧပြီလ ၆ ရက်နေ့မှ ၁၉  ရက်နေ့အထိ ယာယီပိတ်ပစ်မည်ဟု ကြေညာခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ထိုင်းနိုင်ငံရှိ ရောဂါထိန်းချုပ်ရေးဌာန တာဝန်ခံက ထိုင်းနိုင်ငံဖျော်ဖြေရေးနေရာများတွင် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေကို ကြပ်မတ်စောင့်ကြည့်နေပြီး အခြားဒေသမှ ဖျော်ဖြေရေးနေရာများတွင် ကူးစက်ခံရသူကို တွေ့ရှိပါက ၎င်းနေရာများကိုလည်း ဆိုင်းငံ့မှုပြုလုပ်မည်ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သောနှစ်ပတ်အတွင်း ထိုင်းနိုင်ငံဖျော်ဖြေရေးနေရာများတွင် ကိုဗစ်-၁၉ ကူးစက်မှု ပြန်လည်ဖြစ်ပွားခဲ့သည်။ ယခုအချိန်အထိ ထိုင်းနိုင်ငံ ဖျော်ဖြေရေးနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၁ ဦးကို တွေ့ရှိခဲ့သည်။ ယင်းတို့အနက် ဘန်ကောက်ရှိ ဖျော်ဖြေရေးနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀ ဦး တွေ့ရှိခဲ့သည်။