၂၀၀၈ ခုနှစ် မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီဟု NDL ဗဟိုအမှုဆောင်ကော်မတီ ကြေညာ

CRI, April 6, 2021
Size:

ဒေသစံတော်ချိန် ယခုလ ၃ ရက်နေ့က မြန်မာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမှုဆောင်ကော်မတီက ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ရာ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေးအင်အားများနှင့် ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သည့်အနာဂတ်ရေးကို ဖန်တီးပေးရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိကျင့်သုံးနေသည့် မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၄ ခုနှစ်က အမျိုးသားကွန်ဖရင့် ကျင်းပခဲ့ရာတွင် ရေးဆွဲချမှတ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ပြည်သူတစ်ရပ်လုံး ဆန္ဒမဲပေးခြင်းဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။