လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှု သတင်းအချက်အလက် အတူမျှဝေခံစားခြင်း ပလက်ဖောင်းကို တရားဝင်ဖွင့်လှစ်

CRI, April 6, 2021
Size:

နိုဝင်ဘာလ ၃၀ ရက်နေ့က လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု သတင်းအချက်အလက် အတူမျှဝေခံစားခြင်းပလက်ဖောင်းကို တရားဝင်ဖွင့်လှစ်ခဲ့သည်။ ယင်းဝက်ဆိုက်သည် လန်ချန်း-မဲခေါင် ၆ နိုင်ငံအကြား ပြောင်းလဲနေသော သတင်း အချက်အလက်များနှင့် ရေအချက်အလက်များကို အတူမျှဝေခံစားပြီး နိုင်ငံအသီးသီးတို့၏ ရေအရင်းအမြစ် သိပ္ပံနည်းကျစွာ စီမံခန့်ခွဲရေး အဆင့်အတန်းနှင့် ရေဘေးကာကွယ်ရေးစွမ်းအားကို တစ်ဆင့်တိုးမြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

တရုတ်ဆည်မြောင်းတာတမံလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး အို့ကျင့်ဖိန်က ဆိုးရွားသောရာသီဥတု ပြောင်းလဲမှုကြောင့် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသတွင် ရေဘေး၊ မိုးခေါင်ရေရှားမှု ဖြစ်ပွားမှုနှုန်းနှင့် ပြင်းအား နှစ်ခုစလုံး တိုးပွားလျက်ရှိပြီး လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ ရင်ဆိုင်နေရသော စိန်ခေါ်မှု များပြားလာကြောင်း၊ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု သတင်းအချက်အလက် အတူမျှဝေခံစားရေး ပလက်ဖောင်း ဖွင့်လှစ်ပြီးနောက် နိုင်ငံအသီးသီးတို့၏ ရေအရင်းအမြစ် သိပ္ပံနည်းကျစွာစီမံခန့်ခွဲရေးအဆင့်အတန်းနှင့် ရေဘေးကာကွယ်ရေးစွမ်းအားကို တစ်ဆင့်တိုးမြှင့်တင်ရန် အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားပါသည်။