ငှက်ပျောသီးစိုက်ပျိုးခြင်းသည် လန်ခန်း-မဲခေါင်ဒေသမှ ဒေသခံများ ချမ်းသာလာစေ

lmcchina.org, April 6, 2021
Size:

ယခုနှစ်များတွင် တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် ဆိုတဲ့အဆိုပြုချက်ကို ဖော်ဆောင်ရာတွင် များသည်ထက်များလာသော ငှက်ပျောသီးစိုက်ပျိုးသောလုပ်ငန်းများသည် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ပြီး ငှက်ပျောစိုက်ပျိုးရန် စိတ်ဝင်းစားလာသည်။ ငှက်ပျောသီးစိုက်ပျိုးရေးလုပ်ငန်းလည်း အဆီယံနိုင်ငံငများ၊ အထူသဖြင့် လန်ချန်း-မဲခေါင်နိုင်ငံများတွင် လျင်မြန်စွာ တိုးတက်လာသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား စသော လန်ချန်း-မဲခေါင်နိုင်ငံများမှ ငှက်ပျောသီး များစွာ တင်သွင်းနေသဖြင့် ငှက်ပျောစိုက်ပျိုးခြင်းလုပ်ငန်းသည် လန်ချန်း-မဲခေါင်နိုင်ငံများအတွက် တစ်နေ့တခြား ပိုပြီးအရေးကြီးလာသည်။

တရုတ်နိုင်ငံ အပူပိုင်းဇုန် လယ်ယာစိုက်ပျိုးရေး အကယ်ဒမီမှ Haikou စမ်းသပ်မှုဌာနသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသီးသန့်ရန်ပုံငွေရဲ့ထောက်ပံ့မှုအရ ငှက်ပျောသီးထုတ်လုပ်ရေးဆိုင်ရာ industry chain မှာ ပါဝင်သည့်သိပ္ပံပညာရှင်များကို စုစည်းပြီး ပြည်ပနှင့် ပူးပေါင်းပြီး ငှက်ပျောသီး စိုက်ပျိုးရန် ထောက်ပံ့အားပေးလျက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံ Brek Leap အမျိုးသားလယ်ယာစိုက်ပျိုးရေးသုတေသနဌာနက တတိယနှစ် တက္ကသိုလ်ကျောင်းသား မိုရီသည် ၂၀၁၉ ခုနှစ်က သူ့နည်းပြဆရာနဲ့အတူ Haikou စမ်းသပ်မှုဌာနသို့ လာပြီး ၂ ပတ်ကြာ လေ့လာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် Haikou စမ်းသပ်မှုဌာနတွင် ကမ္ဘောဒီးယားနိုင်ငံအတွက် သီးသန့် ဖွင့်လှစ်ပေးသော training သင်တန်းသို့လည်း ပါဝင်တက်ရောက်ခဲ့သည်။ သူသည် ငှက်ပျောစိုက်ပျိုးခြင်း၊ အထူးသဖြင့် ငှက်ပျောသီးစိုက်ပျိုးသော နည်းပညာအသစ်ကို စိတ်ဝင်းစားကြောင်း၊ ယင်းနည်းပညာများကို လေ့လာရရှိပြီးနောက် အခြား ကမ္ဘောဒီးယားနိုင်ငံထုတ် အထူးသီးနှံများစိုက်ပျိုးရေးတွင်လည်း အသုံးပြုနိုင်ပြီး မိမိနိုင်ငံ၏ သီးနှံစိုက်ပျိုးရေးလုပ်ငန်းအတွက် အကျိုးပြလိုကြောင်း ဖော်ပြထားသည်။

HAINAN DINGYI GREEN ISLAND ECOLOGICAL AGRICULTURE CO., LTD  ဆိုသည့် လယ်ယာစိုက်ပျိုးရေးကုမ္ပဏီက ပရိုဂျက်လုပ်ငန်းနှင့် ပူးပေါင်းပြီး ၁၆.၅ ဧက ရှိသော ငှက်ပျောပင် စံပြစိုက်ခင်း ထူထောင်လိုက်သည်။ ယခု ယင်းစံပြစိုက်ခင်းကို အခြေခံပြီး တိုးချဲ့စိုက်ပျိုးသည့် ငှက်ပျောစိုက်ခင်းဧရိယာမှာ ဧကပေါင်း ၄၉၄ ဧက ရှိနေပြီး ကမ္ဘောဒီးယားဒေသခံ ၂၅၀ ကို လုပ်ငန်းနေရာဖန်တီးပေးသည်။

ကမ္ဘောဒီးယား အလုပ်သမား ဟန်စုလိုင်တို့ မိသားစုအားလုံးသည် အထက်ပါကုမ္ပဏီတွင် အလုပ်လုပ်နေကြသည်။ သူသည် မိမိ၏ စွမ်းဆောင်ရည်၊ မိမိ၏ ကြိုးပမ်းမှုနှင့် သာမန်အလုပ်သမားတစ်ယောက်မှ လုပ်ငန်းခွဲခေါင်းဆောင်အဖြစ်သို့ တိုးတက်လာပြီး သူ့အမျိုးသမီးသည် ကုမ္ပဏီက ကင်တီးတွင် တာဝန်ထမ်းဆောင်နေသည်။ ကုမ္ပဏီက အဆောင်တွင် ကြီးလာသောသမီးလုရှားတိကလည်း ကုမ္ပဏီရဲ့ထုပ်ပိုးမှုစက်ရုံတွင် တာဝန်ထမ်းဆောင်နေသည်။ တစ်လကို ဝင်ငွေ ဒေါ်လာ ၇၀၀၊ ၈၀၀ လောက် ရရှိနိုင်တယ်၊ ကုမ္ပဏီဘေးနားမှာ မြေတစ်ကွက် ဝယ်လိုက်ပြီး အိမ်ဆောက်ဖို့ စီစဉ်နေတယ်၊ ဒီမှာပဲ အိမ်ချမယ်။ အခုအခြေအနေကို အင်မတန် သဘောကျတယ်လို့ ဟန်စုလိုင် ပြောသည်။

အထက်ပါကုမ္ပဏီက ဒေသခံပြည်သူများ၏ထောက်ခံမှုကို ကျေးဇူးဆပ်ရန် ဒေသခံများ အကျိုးဆောင်လုပ်ငန်းများကိုလည်း တက်တက်ကြွကြွ လုပ်လျက်ရှိသည်။ ဒေသတွင်းရှိ ရှမ်းထိုမူလတန်းကျောင်း၊ ကျီကျင်အလယ်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းတို့အား အမေရိကန် ဒေါ်လာ ၂.၅၃ သိန်း လှူပေးခြင်းဖြင့် ဒေသ ပညာရေးနှင့် သာသနာရေး တိုးတက်လာအောင် ထောက်ပံ့ပေးသည်။ ထို့ပြင် ဒေသခံများ အသွားအလာအဆင်ပြေစေရန် အမေရိကန်ဒေါ်လာ ၅ သိန်းဖြင့်  ကီလိုမီတာ ၅၀ ရှည်သောကားလမ်းနှင့် တံတား၂ စင်း ဖောက်လုပ်တည်ထောင်ပေးလိုက်ပါသည်။

၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံသည် ပြည်ပတွင် ငှက်ပျောစိုက်ခင်း ဧကပေါင်း ၁.၅၆၅ သိန်း စိုက်ပျိုးလျက်ရှိသည်။ ၎င်းတို့ထဲတွင် လာအိုတွင် ၄၉၄၂၁.၀၈ ဧက၊ မြန်မာပြည်တွင် ၆၅၈၉၄.၇၇ ဧက၊ ကမ္ဘောဒီးယားတွင် ၂၄၇၁၀.၅၄ ဧက၊ ထိုင်းတွင်  ၈၂၃၆.၈၅ ဧက၊ ဗီယက်နမ်တွင် ၈၂၃၆.၈၉ ဧက အသီးအသီး ရှိပြီး ပျိုးပင်ထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ လယ်ယာထောက်ပံ့ပစ္စည်းထုတ်လုပ်ခြင်း၊ ငှက်ပျောစိမ်းသိုလှောင်၊ ပို့ဆောင်၊ အချောကိုင်ထုတ်လုပ်ခြင်းအပါအဝင် လုပ်ငန်းအပိုင်းစုံ ထူထောင်လာသည် ဖြစ်၏။


ဒေသခံပြည်သူများကို နည်းပညာသင်ပေးခြင်း


ငှက်ပျောပင်စံပြစိုက်ခင်း


မူလတန်းကျောင်းအတွက် အလှူပေးခြင်း