နွမ်ရွှမ်ဖူသည် ဗီယက်နမ်နိုင်ငံ ဥက္ကဋ္ဌ အဖြစ် အရွေးခံရ

CRI, April 5, 2021
Size:

ဗီယက်နမ်လွှတ်တော်မှ ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်သည့်နောက်ဆုံးသတင်းအရ နွမ်ရွှမ်ဖူသည် ဗီယက်နမ်နိုင်ငံ ဥက္ကဋ္ဌ အဖြစ် အရွေးခံခဲ့ရပါသည်။ ဗီယက်နမ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နွမ်ရွှမ်ဖူသည် ၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာ ကျိန်ဆိုပါသည်။

နွမ်ရွှမ်ဖူသည် ၁၉၈၂ ခုနှစ်တုန်းက ဗီယက်နမ် ကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဗီယက်နမ် ဒုဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့၍ ၂၀၁၆ ခုနှစ် ဧပြီလ ၇ ရက်နေ့မှစ၍ ဗီယက်နမ် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။