ကမ္ဘောဒီးယားကို ကူညီထောက်ပံ့သည့် ဒုတိယတစ်သုတ် ကိုဗစ်၁၉ ကာကွယ်ဆေး ဖနွမ်းပင်သို့ ရောက်ရှိ

CRI, April 1, 2021
Size:

မတ်လ ၃၁ ရက်နေ့ညက ကမ္ဘောဒီးယားကို ကူညီထောက်ပံ့သည့် ဒုတိယတစ်သုတ် ကိုဗစ် ၁၉ ကာကွယ်ဆေးသည် ဖနွမ်းပင်မြို့သို့ ရောက်ရှိခဲ့ရာ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဒီပန်၊ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး ပိန်ဟန်နှင့် ကမ္ဘောဒီးယားဆိုင်ရာတရုတ်သံအမတ်ကြီး ဝမ်းဝန်ထျန်းတို့သည် ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကြိုဆိုကြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ကာကွယ်ဆေးထိုးနှံခြင်းသည် ကမ္ဘောဒီးယားအစိုးရ၏ ကိုဗစ် ၁၉ ကပ်ရောဂါ တိုက်ဖျက်ရန်နှင့် ပြည်သူများအသက်ကို ကာကွယ်ရန် အရေးကြီးမဟာဗျူဟာဖြစ်ကြောင်း၊ ကမ္ဘောဒီးယား စီးပွားရေး၊ လူမှုရေးအပေါ်  ကပ်ရောဂါ၏ထိခိုက်မှုကို လျှော့ချနိုင်ကြောင်း ဒီပန်က ပြောကြားခဲ့ပါသည်။

တရုတ်သည် ကမ္ဘောဒီးယားနှင့် လက်တွဲပြီး ကမ္ဘောဒီးယား ကိုဗစ် ၁၉ ရောဂါ အောင်မြင်စွာ တိုက်ဖျက်မည့်နေ့အထိ တရုတ်-ကမ္ဘောဒီးယား ကိုဗစ် ၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပြတ်သားစွာ တွန်းအားပေးမည်ဖြစ်ကြောင်း သံအမတ်ကြီး ဝမ်းဝန်ထျန်းက ပြောကြားသည်။